ဆောနူ မျက်လုံးဖွင့်လိုက်တော့ မြင်လိုက်ရတာက အစ်ကိုရဲ့ မျက်နှာဖြူနုနု ။ ဆောနူလည်း အသားဖြူပါသည် ဒါပေမဲ့ အစ်ကို့ရဲ့ အသားအရည်ကတော့ဖြူတယ်ဆိုတာထပ် ပိုဖြူနေသည်။ သွားစွယ်လေး ပါ ပါနေတော့ မသိရင် အစ်ကိုက ဗန်ပိုင်းယားလိုလိုပင်။ နှာခေါင်းဘေးက မှဲ့နက်လေးကလည်း အစ်ကို့ရဲ့အလှကို ပေါ်လွင်အောင် ပံ့ပိုးနေသယောင်။ ပြီးတော့ အစ်ကိုပြုံးလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် ပါးချိုင့်ရေးရေးလေး အဲ့ဒါတွေကြောင့် အစ်ကိုက ဆောနူထပ် ပိုချောတာဟု စိတ်ထဲကတွေးပြီး သဘောကျမိသေးသည် ။ အိပ်နေတဲ့အစ်ကို့ကို အသည်းယားလို့ ပါးကို ဖွဖွလေး နမ်းလိုက်တော့ အစ်ကို့ရဲ့နှုတ်ခမ်းတစ်စုံက ခပ်ကွေးကွေးလေး မြှင့်တက်သွားသည် ။
သွားပြီ အစ်ကိုက နိုးနေတာပဲ
"အဟင်း ဟို… နိုးရင်လည်း နိုးတာမပြောဘူး အစ်ကိုက ။ မောနင်းနော် ကျွန်တော် သွားတော့မယ် "
ခိုးနမ်းတုန်းက နမ်းပြီး လူမိသွားကာမှ ရှက်ပြီးပြေးဖို့ ပြင်နေတဲ့ ကလေးပေါက်ကို ထထွက်မသွားခင် အမြန် လက်ကနေ ဆွဲထားကာ ပြန်လှဲချလိုက်သည်။
"ဒီတိုင်းလေး နေပါဦး ကလေးရဲ့ ကိုက ကလေးမနိုးသေးဘူးထင်ပြီး မထတာပါ ပြီးတော့ ခိုးနမ်းမဲ့အစား ပေါ်တင်နမ်းပါလား"
"ဟာ အစ်ကို ရှက်ပါတယ်ဆို ထပ်ပြီးရှက်အောင် လုပ်နေရလား ပြီးတော့ အရင်ခိုးနမ်းတာ ဘယ်သူလဲ "
"ဒါဆို ကလေးက ဒီအကျင့်ကို ကို့ဆီက တတ်သွားတာပေါ့ ဟားဟား"
"အစ်ကိုနော် ရီမနေ … …"
ပြောလက်စ စကားတောင်မဆုံးလိုက်ခင် ခပ်နွေးနွေး အထိအတွေ့က နှုတ်ခမ်းဆီသို့ ဖိကပ်လာသည် ။ ရုတ်တရက်မို့ ကြောင်သွားပေမဲ့ သတိပြန်ဝင်လာတဲ့နောက်မှာတော့ ချိုမြိန်မှု မက်မောမှုတို့နဲ့အတူ အလိုက်သင့်စီးမျောရင်း ရင်ခုန်သံတွေ အပြင်ကို ပေါက်ထွက်လာမတတ် အချိန်တစ်ခုကြာတဲ့ထိ နမ်းရှိုက်မိကြသည်။ အချိန်တော်တော်ကြာသွားပုံရတာမို့ မောလာကြောင်း ကလေးပေါက်ရဲ့ လက်သီးဆုပ်ဟာ သူ့ကို သတိပေးလာမှ သူ ခပ်ဖွဖွတစ်ချက်နမ်းကာ လွှတ်ပေးရင်း ခပ်တင်းတင်း ပြန်ပွေ့ဖက်ထားလိုက်သည် ။
YOU ARE READING
I Just Want To See You 💕 (✅✅✅)
FanfictionEnha က ကလေးတွေကို ချစ်လို့ ပြီးတော့ Sunshine Sunoo နဲ့ Ice Prince Sunghoon တို့ အတွဲလေးကို သဘောကျလို့ စ ရေး ထားတာပါ 💙💙💙