Ep - 5 💫

235 33 2
                                    

အမြင်အာရုံကို ပြန်မရသေးဘူးဆိုပေမဲ့ တခြားစွမ်းအားတွေကတော့ အထိုက်အလျောက်ပြန်ရနေပြီမလို့ ခြေသံသဲ့သဲ့ကြောင့် အစ်ကိုဟီဆွန်း ပြန်ရောက်လာမှန်း သိလိုက်သည်။

"သိသင့်သလောက်တော့ သိခဲ့ရပြီ
ပြီးတော့ လာရင်းနဲ့လမ်းမှာ ခုခေတ်ရဲ့ အဝတ်အစား ၂ စုံယူလာခဲ့လိုက်တယ်
မသိအောင်ယူခဲ့တာဆိုပေမဲ့ ရွှေဒဂါး ၂ ပြားတော့ ထားပေးခဲ့တာမလို့ ခိုးတယ်လို့တော့ မဆိုသာပါဘူး ဟုတ်တယ်မလား "

တစ်ယောက်တည်း ရေရွတ်တာလား သူ့ကိုလှမ်းပြောတာလား မသိပေမဲ့ အစ်ကိုဟီဆွန်းရဲ့စကားကို သူ ရီမိသွားသည်။

"ဒါဆို ကျွန်တော်တို့ ကလေးပေါက်ဆီ သွားလို့ရပြီလား"

"အာ… ‌နေပါဦး အရမ်းကြီးလောလို့မရဘူးလေ လောလောဆယ် အစ်ကိုသိတာတွေ ပြန်ဝေမျှ‌ ပေးမယ် ပြီးရင် ဒီကနေထွက်ပြီး အခုသိတာထပ် ပိုသိအောင်လုပ်ရမယ် ။ အပြင်လောကမှာက လူတွေများတော့ ချက်ချင်းအကုန်နီးပါး သိနိုင်မှာပါ အဲ့ဒါ‌တွေပြီးမှ ဆောနူလေးဆီ သွားပေါ့
ဟာကွက်မရှိအောင် အစ်ကို အကုန်စီစဉ်ပေးမှာပါ ဟုတ်ပြီလား"

"ဟုတ် ကျွန်တော် နည်းနည်းစိတ်လောသွားတယ်
အကြာကြီးစောင့်ခဲ့ပြီးပြီပဲ နည်းနည်းလောက် ထပ်စောင့်ရလည်း ဖြစ်ပါတယ် နောက်ဆုံးကြ အတူရှိဖို့ အရေးကြီးတာပါပဲ"

***********†*************†*************

"ဂျိတ် ဂျိတ် ဟေ့ကောင် ငုတ်တုတ်ကြီး အိပ်ပျော်‌‌နေတာလား ဟ"

တစ်ညနေလုံး ငါးမျှားတာကို အာရုံမရပဲ ခုနက အဖက်ခံရတာ တကယ်လား တောခြောက်ခံရတာလားဆိုတာကိုပဲ အာရုံရောက်နေမိတဲ့ ဂျိတ်ခမျာ လက်မောင်းကို ရိုက်ချခံလိုက်ရမှ အသိစိတ်ပြန်ကပ်သွားတော့သည်။

"အ… နာတယ်ဟ ခွေးကောင်ရ အသားကုန်ချရလား မင်းအသားမဟုတ်တိုင်း"

"ငါ ခေါ်နေတာ အခါ ၁၀၀ မကတော့ဘူးဟ မင်းက ဘာတွေတွေးနေမှန်းမသိဘူး ရိုက်ချမှပဲ သိတော့တယ်"

"အဖက်ခံရတဲ့ကိစ္စလေ အဲ့ဒါ …"

"ဟမ်"… 

I Just Want To See You 💕 (✅✅✅)Tempat cerita menjadi hidup. Temukan sekarang