EP - 13 💫

240 24 0
                                    

"ဒီကောင်လေး ၂ ယောက်က ဒယ်လူနာမျိုးဆက်တွေနဲ့ ပတ်သက်နေတာ သေချာလား"

"ဟုတ်ကဲ့ သေချာပါတယ် ။ ကျွန်တော့်မျက်လုံးတွေနဲ့ အတည်ပြုလာခဲ့တာပါ "

"ဟုတ်ပြီလေ သေချာတယ်ဆိုရင် နောက်တစ်ခါ blood moon ဖြစ်မဲ့အချိန်ထိ ဆက်ပြီးစောင့်ကြည့်ထား ။ စီစဉ်ထားတာတွေ တခုမှ မလွဲချော်စေနဲ့ "

"ဟုတ်ကဲ့ စိတ်ချပါ သခင်ကြီး"

"ငါတို့ရဲ့ အစီအစဉ်ကို ပျက်စီးစေမဲ့ အကြောင်းအရာတွေပေါ်လာရင် ချက်ချင်းအကြောင်းကြား။  တကယ်လို့ လွဲချော်ခဲ့ရင် မင်းရဲ့အသက်ကို အလဲအလှယ်လုပ်ရမယ်ဆိုတာလည်း မမေ့နဲ့"

"ဟုတ်ကဲ့ပါ သခင်ကြီး"

ဒယ်လူနာမျိုးဆက်တွေ မင်းတို့က လူ့လောကကြီးထဲဝင်လာပြီး ပျော်ရွှင်မှုတွေပါ ဖန်တီးနေကြတာပဲ ။  ကိုယ့်သရုပ်မှန်ကိုယ် မေ့နေကြပြီထင်တယ် ။ ဒီတော့လည်း ငါကပဲ သတိရအောင် ပြန်လုပ်ပေးရမှာပေါ့ ။  မင်းတို့တွေရဲ့ ပျော်ရွှင်ရာက မင်းတို့ရဲ့ အားနည်ချက်ဖြစ်လာနိုင်တယ်ဆိုတာ မင်းတို့သိထားသင့်တာ

"Daddy ဘာတွေသဘောကျလို့ ဒီလောက်ပြုံးနေတာလဲ Baby လာတာတောင် မသိတဲ့အထိပါပဲလား"

"အိုး ဆောရီး Baby နည်းနည်းလေး အတွေးလွန်သွားလို့ ။ Daddy ဒီနေ့ အရမ်းပျော်နေတယ် ။ စီစဉ်ထားတာတွေ ဖြစ်လာဖို့ နီးစပ်နေပြီ"

"ဝိုး congratulations ပါ Daddy ။ ဒါဆို Baby လည်း Daddy နဲ့ အတူတူနေရဖို့ ပိုနီးစပ်လာပြီပေါ့"

"ဟုတ်တာပေါ့ လာပါဦး Daddy ဆီ ။ Baby ရဲ့ သွေးအရသာလေးကို လွမ်းနေတာ ဒီညတော့ နည်းနည်းပိုပြီး ယူမိမယ်ထင်တယ် Baby ။ အဆင်ပြေတယ်မလား"

"Daddy အတွက်ဆို ဘယ်တုန်းက အဆင်မပြေတာ ရှိဖူးလို့လဲ ။ နည်းနည်းမဟုတ်ဘူး အကုန်လုံးထုတ်ယူသွားလည်း ကျေနပ်တယ် ။ Daddy သာ အဆင်ပြေရင် ရပြီ"

I Just Want To See You 💕 (✅✅✅)Donde viven las historias. Descúbrelo ahora