EP- 17 💫

173 27 2
                                    

အစ်ကို့စိတ်ထဲကော ဆောနူရဲ့စိတ်ထဲမှာပါ အတွေးတွေ အများကြီး ရှိနေပေမဲ့ ဘာတွေတွေးနေလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မမေးဖြစ်ခဲ့သလို သိလည်းမသိချင်ခဲ့ကြ ။ ဒီတိုင်း လက်ရှိအချိန်လေးမှာပဲ တစ်ယောက်နဲ့ တစ်ယောက်ဖက်တွယ်ရင်း အရာရာကို မေ့ထားပစ်ချင်မိသည် ။ အိပ်ယာထက်မှာ ဘာစကားမှ မပြောဖြစ်ပဲ ထိုတစ်ညလုံး တစ်ယောက်နဲ့တစ်ယောက် ဖက်ထားကြရင်း မနက်မိုးလင်းသွားသည် ။

" ကလေး အိပ်မပျော်ဘူးမလား တောင်းပန်ပါတယ် ကိုကို့ကြောင့်နဲ့  ...... "

" ဟင့်အင်း ကိုကို့ကြောင့် မဟုတ်ပါဘူး ဒီတိုင်း ဒီတိုင်းပဲ အတွေးလေးနည်းနည်းလွန်နေလို့ အိပ်မရတာ ။ ကိုကိုကကော ဘာလို့မအိပ်တာလဲ ။ ကျွန်တော် မအိပ်လို့လား "

" အင်း ကလေးကို အားနာလို့ ပြီးတော့ ကလေးကို စိတ်ပူလို့ "

"ဘာလဲ ကျွန်တော်က ကိုကို့ကို ထားခဲ့မှာ စိတ်ပူတာလား ။ လုံးဝပဲနော် ဘယ်တော့မှ မထားခဲ့ဘူး အဲဒါမလို့ ကိုကိုလည်း ထားခဲ့ဖို့ စိတ်တောင်မကူးနဲ့ "

" ဟုတ်ပါပြီဗျာ စိတ်ချပါ ကိုကိုက ကလေး ဘယ်ဘဝရောက်ရောက်ထားခဲ့မဲ့သူပါ "

" ဟီး....  အာ ~~ ဒါနဲ့ ဂျောင်ဝန်းနဲ့ အစ်ကိုဂျေးတို့  မနေ့ညက ကိစ္စကို ..."

" အဲဒါ အစ်ကိုဟီဆွန်း အကုန်ဖြေရှင်းထားလို့ ကလေး စိတ်မပူလည်းရတယ် "

" ဟူး... တော်သေးတာပေါ့ ဂျောင်ဝန်းတို့ကို ရုတ်တရက်ပေးသိဖို့က အဆင်မပြေဘူးတွေးနေတာ အခုလိုဆိုတော့လည်း တော်ပါသေးတယ်  "

" အင်း နောက်မှ အခြေအနေကြည့်ပြီး ပြောသင့်ပြောသင့် ဆုံးဖြတ်ကြတာပေါ့ တကယ်တော့ သူတို့သိတာမသိတာက အဓိကမကျဘူးလေ "

" ဒါလည်း ဟုတ်တယ် ။ ဟို.... ဟိုညက အကောင်တွေ ဘာဖြစ်သွားပြီလဲ ကျန်နေသေးတယ်မလား "

I Just Want To See You 💕 (✅✅✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ