(မနေ့က moment သေးသေးလေး ရလိုက်လို့ လာပြီး update ပေးတာပါ 😁 )
***********†*************†*************
နီခီ ဖုန်းချသွားတာနဲ့ ဆောနူရဲ့ လက်တွေက အစ်ကိုဂျိတ်ရဲ့ ဖုန်းနံပါတ်ဆီသို့ အပြေးအလွှား ။
" အစ်ကိုဂျိတ် , အစ်ကိုဟီဆွန်းနဲ့ အဆက်အသွယ် ရလားဟင် "
တစ်ဖက်က ဖုန်းဖြေသံကိုပင် မစောင့်နိုင် အလောတကြီး မေးမိသည် ။
"အင်း ရတယ် ဆောနူ ။ ကိုကို မနက်က ဖုန်းဆက်တယ် ။ နောက် ၂ ရက်ဆို ပြန်လာမယ်လည်းပြောတယ် ။ ဘာလို့လဲဆောနူ ဆောင်ဟွန်းနဲ့ အဆက်အသွယ်မရလို့လား "
"ဟုတ် … အစ်ကိုက အခုထိ ဖုန်းဆက်မလာဘူးလေ… ဒါပဲနော် အစ်ကို ဂျိတ် ကျေးဇူးတင်ပါတယ် "
ဆောနူ ဖုန်းချပြီးသည်နှင့် ရင်ထဲပူလောင်မွန်းကြပ်မှုက တိုး၍လာတော့သည် ။
"ဆောနူ အဆင်ပြေလား ငါဘာကူညီပေးရမလဲ"
"ရပါတယ် မင်းပြန်ချင်ပြန်တော့လေ ငါအဆင်ပြေတယ် ပြီးတော့ တစ်ယောက်တည်း ခဏလောက်ရှိချင်လို့"
"အေးပါ ငါပြန်တော့မယ် တစ်ခုခုဆိုရင်တော့ ဖုန်းဆက်နော် "
ဂျောင်ဝန်းရဲ့ အပြောကို ခေါင်းသာပြန်ညိမ့်ပြရင်း
ဘာမှထပ်မပြောဖြစ်။ အလိုက်သိတဲ့ ဂျောင်ဝန်းကတော့ သူ့ပုခုံးကို ခပ်ဖွဖွ ၂ ချက်လောက်ပုတ်ကာ ပြန်သွားတော့သည် ။ ဂျောင်ဝန်းပြန်သွားသည်နှင့် တစ်ပြိုင်နက် ထိန်းချုပ်ထားတဲ့ မျက်ရည်တို့က အလိုလို စီးကျရင်း အစ်ကို့ရဲ့ပုံအား wallpaper တင်ထားသည့် လက်ထဲက ဖုန်းကို စိတ်နာနာဖြင့် ကိုင်ပေါက်ပစ်လိုက်တော့သည် ။
YOU ARE READING
I Just Want To See You 💕 (✅✅✅)
FanfictionEnha က ကလေးတွေကို ချစ်လို့ ပြီးတော့ Sunshine Sunoo နဲ့ Ice Prince Sunghoon တို့ အတွဲလေးကို သဘောကျလို့ စ ရေး ထားတာပါ 💙💙💙