EP - 7 💫

236 30 2
                                    

"ဆောနူ ... ... ဆောနူ ... ... ဟေ့ကောင်ရေ အီးဟီး ... သေသွားပြီလား ဆောနူရေ "

ဆောနူ ညက ရင်ခုန်လွန်ပြီး တော်တော်နဲ့ အိပ်မပျော်သဖြင့် မနက်လင်းခါနီးမှ အိပ်ပျော်သွားသည်။ ဒါကို အသံပြဲကြီးနဲ့ အော်ပြီး ဝင်လာသည့် ဂျောင်ဝန်းကြောင့် အိပ်စုံမှုန်ဝါးဖြင့် မထချင် ထချင် ထလာရသည် ။

"ဟေ့ကောင် မြောင်ပေါက် အာပြဲကြီးနဲ့ အော်မနေနဲ့ ငါမသေသေးဘူး ဘယ့်နှယ် စောစောစီးစီး လာအော်နေရတာလဲ "

" ဟ ဘယ်အချိန်ရှိလို့ စောရမှာလဲ နာရီလည်းကြည့်ဦး ။ ၁၀ နာရီ ထိုးနေပြီ ပြီးတော့ မင်းပဲ ညက သေတော့မယ်ဆို စာပို့ထားတာလေ ။ ငါ့မှာ မနက်နိုးမှမြင်လို့ မြင်မြင်ချင်းပြေးလာတာ မျက်နှာတောင် မသစ်ရသေးဘူး "

ဟုတ်သား သူ ညက ဂျောင်ဝန်းကို စာပို့မိတာပဲ ။ သူ အိပ်ရေးမဝလို့သာ အစောကြီးထင်မိတာ တကယ်တမ်း ဂျောင်ဝန်း လာတဲ့အချိန်လည်း ကြည့်ပါဦး သေစရာရှိတဲ့သူသာဆို သေနေလောက်ပြီ ။

" အေးပါကွာ ငါ မေ့သွားတာ သွား ... ... ငါ့ဆီမှာပဲ မျက်နှာသစ် မနက်စာစား ။ အစ်ကိုဂျေးနဲ့ကော အဆက်သွယ်ရလား "

" ဟီး... ညက အစ်ကိုနဲ့ ဖုန်းပြောနေလို့ မင်းစာပို့တာ မသိလိုက်တာ ။ ပြီးတော့ အိပ်ပျော်သွားကော ဟိဟိ "

ရေချိုးခန်းထဲ ဝင်သွားရင်း လှမ်းအော်ပြောတဲ့ ဂျောင်ဝန်းစကားကြောင့် သူ နှာခေါင်းရှုံမိသည် ။

အော် ချစ်ဖို့ကောင်းလိုက်တဲ့ သူငယ်ချင်းပါပဲ

" ညက ဘာတွေဖြစ်ပြီး ဘာလို့ သေတော့မယ် ပြောရတာလဲ ပြောပါဦး "

မနက်စာ စားနေရင်း ရှေ့မကြည့်နောက်မကြည့် ပြောချလာတဲ့ ဂျောင်ဝန်းကြောင့် သောက်လက်စ ကော်ဖီတောင် ပြန်ထွက်တော့မလိုလို ။ မနီးမဝေးမှာထိုင်နေတဲ့ အစ်ကို့ကို လှည့်ကြည့်တော့ အစ်ကိုက မကြားလိုက်သလိုပင်။

အင်း မကြားလောက်ပါဘူး

" ပြီးမှပြောမယ်ဟ ဟိုမှာ အစ်ကိုဆောင်ဟွန်း ရှိနေတယ်လေ သိချင် မြန်မြန်စား "

I Just Want To See You 💕 (✅✅✅)Tempat cerita menjadi hidup. Temukan sekarang