Ep - 1 💫

942 52 2
                                    

ဟင်း.........ဟင်း..........ဟင်း .......

အပြေးအလွှားလှမ်းနေတဲ့ ခြေလှမ်းတွေက အသက်ရှုသံပြင်းပြင်းအောက်မှာ တဖြေးဖြေး လေးလံလာတယ် ။ မောလို့ထွက်လာတဲ့ အသက်ရှုသံနဲ့ ပြေးနေတဲ့ သူ့ခြေသံမှအပ တခြားဘာအသံမှ မကြားရလောက်အောင် တိတ်ဆိတ်လွန်းနေတဲ့ တောအုပ်တစ်နေရာ .........
သူ့နောက်ကို တစ်ခုခုလိုက်လာမှန်း သိပေမဲ့
ဘာလို့လိုက်နေမှန်း ဘာကလိုက်နေမှန်းမသိပဲ
ပြေးနေမိတာ ကြာပြီ။ စိတ်ထဲက ဆက်ပြေးနေပေမဲ့ ပါမလာတော့တဲ့ ခြေထောက်က သစ်ငုတ်တစ်ခုကို ခလုတ်တိုက်အမိမှာတော့ သူ ပြန်ထမလာနိုင်တော့ပေ ။ ထတော့ ထတော့လို့ အကြိမ်ကြိမ် ရေရွတ်နေပေမဲ့ လုံးဝထမရတော့တဲ့ သူ့ခန္ဓာကိုယ်နား ထိုတစ်စုံတစ်ခုက ခြေ ၅ လှမ်းစာ အကွာအဝေးထိ နီးကပ်လာပြီဆိုတာ ခံစားလိုက်ရတဲ့ အခိုက်အတန့်
၁ လှမ်း ......၂ လှမ်း ......၃ လှမ်း ......၄ လှမ်း ......

"ဆောနူ ...ဆောနူ ထတော့ နောက်ကျနေပြီ ။
ပြီးတော့ အိပ်မက်ဆိုး‌တွေ မက်နေတာလား ဝင်လာတော့ ညည်းနေတာတွေ့တယ် "

မျက်လုံးကို အားစိုက်ဖွင့်ကြည့်လိုက်ချိန်မှာတော့ အစ်ကိုဖြစ်သူ ‌ ဂျေး က သူ့အား လာနိုးနေတာ သိလိုက်ရသည်။

"ထတော့ နောက်ကျနေပြီ ဒီနေ့ ပထမဆုံး ကျောင်းသွားရမှာမလား အစ်ကို လိုက်ပို့ပေးမယ် "
"ဟုတ် အစ်ကို ဂျေး ထပါပြီ "

အစ်ကို့ကို နှုတ်ဆက်ပြီး ရေမိုးချိုးဖို့ သူ ပြင်ဆင်လိုက်သည်။ ခုတလော ထိုပြေးနေသည့် အိပ်မက်ကို မက်တာ ရက်အတော်ကြာနေပြီ ဖြစ်သည်။
အရင်က ဝိုးတဝါးအိပ်မက်က ခုနောက်ပိုင်း ပိုပီပြင်လာသည်။

ဘာလို့ ဒီတခုတည်းကိုပဲ ဆက်တိုက်တွေ မက်နေရတာလဲ တကယ်ပါပဲ

သူအတွေးစကို ဖြတ်လိုက်ပြီး အမြန်လက်စသတ်ကာ အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။
အစ်ကို ဂျေးနဲ့သူက ၂ နှစ်ကွာတဲ့ ညီအစ်ကိုတွေ ဖြစ်သည်။ အဖေနဲ့အမေက အမေရိကန်က ကုမ္ပဏီတစ်ခုကို ဦးစီးရင်း ဟိုမှာပဲ အခြေချလိုက်ကြသည်။ အစ်ကိုဖြစ်သူ ဂျေးက ကိုရီးယားက ကုမ္ပဏီကို ဦးစီးရင်း ကျန်နေခဲ့တာမို့ မိဘတွေနဲ့ လိုက်မသွားပဲ သူပါ ဒီမှာပဲ ကျောင်းတက်ဖို့ ရွေးချယ်လိုက်သည်။ ညီအစ်ကိုဆိုပေမဲ့ သူငယ်ချင်းတွေလို ငယ်ငယ်တည်းက တိုင်တိုင်ပင်ပင် ရှိကြတဲ့ သူတို့ညီအစ်ကို ၂ ယောက်ကို မိဘတွေကလည်း စိတ်ချသဖြင့် ဘာမှမပြောချေ။

I Just Want To See You 💕 (✅✅✅)Onde histórias criam vida. Descubra agora