EP -15 💫

162 25 7
                                    

"ဂျောင်ဝန်းဟေ့‌‌ မြောင်ပေါက် ထပါဦး ဒီခဏလေးကို ဘယ်လိုတောင် သောက်လိုက်လို့ မှောက်သွားရတာတုန်း "

"ထားလိုက်ပါ ဆောနူရဲ့ ။ ဂျောင်ဝန်းကို ပြန်ခါနီးမှသာ ခေါ်လိုက်တော့ အခု ကိတ်ခွဲတော့မယ် လာလေ"

"ဒါပေမဲ့ ဂျောင်ဝန်းတစ်ယောက်တည်း ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် ကိတ်ခွဲတာက ကြာမှမကြာတာ ပြီးတော့ ဒီနေရာနဲ့လည်း မဝေးပါဘူး လှမ်းမြင်နေရတာပဲကို"

"အင်း အဲ့ဒါဆိုလည်း လိုက်ခဲ့ပါ့မယ်"

ဆောနူ မသွားခင် ဂျောင်ဝန်းကို တစ်ခေါက်ထပ်နှိုးကြည့်ပေမဲ့ လုံးဝကို ထမလာ ။

ဒီမြောင်ပေါက်‌‌ကြောင့် အစ်ကို ဂျေးသိရင် ငါတော့ အသတ်ခံရတော့မှာပဲ 

"Happy Birthday to You… happy Birthday to You ! Happy birthday dear…"

ဝုန်း

"ဟာ ဘာဖြစ်တာလဲ"

"သွေးနှောတွေပဲ"

"အသင့်ပြင်ထား"

မွေးနေ့သီချင်းဆို‌‌နေရင်းမှ ရုတ်တရက်ကြီး  ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ အခြေအနေကြောင့် ဆောနူ ကြောင်လို့သွားသည် ။

"ကလေးတွေ အထဲဝင်"

"ဒါပေမဲ့ Daddy… "

"အထဲဝင်တော့လို့ ပြောတယ်လေ baby"

"လာ ဆောနူ "

ဂျမ် ဆွဲခေါ်တဲ့နောက်ကို ဆောနူ ပါလာခဲ့ပေမဲ့ အခုထိ ဘာတွေဖြစ်နေမှန်း မသိသေး  ။ ဂျောင်ဝန်းကတော့ အထဲမှာကျန်ခဲ့တာဖြစ်လို့ သူတို့အထဲပြန်ဝင်ချိန်ထိ နေရာမပျက် မှောက်နေဆဲပင် ။

"ဘာတွေဖြစ်နေတာလဲ ဂျမ် "

"နောက်မှပြောပြမယ် ငါအခု အပြင်ခဏသွားလိုက်ဦးမယ် မင်းတို့ ထွက်မလာနဲ့နော်"

I Just Want To See You 💕 (✅✅✅)Where stories live. Discover now