Ep-2 💫

336 37 2
                                    

တောင်ပေါ်ကိုရောက်လာတော့ လမ်းတစ်လျောက် ပင်ပန်းခဲ့သမျှက အမောပြေသွားသလိုပင်။ မျက်စိတဆုံး လှပတဲ့ တောင်တန်းတွေနဲ့ တောအုပ်လေး တိုက်ခတ်လာတဲ့ လေပြေအေး လွှင့်ပျံလာတဲ့ ပန်းရနံ့အကုန်လုံးက သဘာဝတရားကို ချစ်မြတ်နိုးတတ်တဲ့ သူ့အတွက် တကယ့်အဖိုးတန် တစ်ခုလို။
အိတ်ထဲက ဖုန်းကို ထုတ် ဓါတ်ပုံရိုက်ဖို့ ချိန်နေတုန်း ကင်မရာမြင်ကွင်းထဲ ဝင်လာတဲ့ ရဲတိုက်ဆန်ဆန် စံအိမ်တစ်ခု ။ ရုတ်တရက်မြင်လိုက်ရတာကြောင့် ကင်မရာကိုဖယ်ပြီး ကြည့်လိုက်ချိန် ဘာမှ ရှိမနေပါ။

ငါပဲ အမြင်မှားတာလား အင်း မှားမြင်တာပဲနေမှာပါ ဒီလိုတောတောင်ထဲ ဘယ်ကအိမ်ရှိနေမှာလဲ

အတွေးစကို ဖြတ်လိုက်ရင်း ဓါတ်ပုံဆက်ရိုက်နေလိုက်သည်။

"နီခီ … ဂျောင်ဝန်းရော?"

"အယ် ခုနကတင် ငါနဲ့ရှိနေတာပါ ဘယ်ရောက်သွားပြန်တာတုန်း"

"အဖွဲ့လိုက်ဓါတ်ပုံရိုက်မလို့ဟာ ဒီမြောင်ပေါက်ကတော့ လုပ်ပြီ ဒါနဲ့ ငါ့အစ်ကိုကော "

"အာ… ပြောကာမှ ဟုတ်သားပဲ အစ်ကိုဂျေးနဲ့ ဂျိတ်ကိုလည်း မတွေ့ပါလား ငါတို့ ၂‌ ယောက်ကို မေ့ပြီး ပြန်သွားကြတာလား"

"ဟ…မဟုတ်တာပြောပြီ ငါတို့ကို မေ့စရာလား
နီခီရ"

"မေ့လည်းမေ့ချင်စရာဟေ့ မင်းဓါတ်ပုံရိုက်နေတာ ၂ နာရီလောက် မ က တော့ဘူး ဂိမ်းဆော့ရင်း စောင့်နေတဲ့ ငါတောင် ပျင်းတယ် ကျန်တဲ့သူဆို ပြောမနေနဲ့တော့ "

"ဟီး😁 အဲ့လောက်တောင် ကြာသွားတာလားကွ ငါသတိမထားမိဘူး ဒါဆို ဂျောင်ဝန်းတို့ တစ်နေရာမှာ ရှိမှာပါ လမ်းကလည်း တလမ်းပဲရှိတာ ငါတို့ ရှာလို့ရပါတယ်"

"အေးဟုတ်တယ် သွားရအောင် ငါလည်းဗိုက်ဆာနေပြီ ခုနက ဂိမ်းဆော့နေလို့သာ သတိမထားမိတာ"

"အစ်ကိုဂျေး ဆောနူနဲ့နီခီ ခုထိမလာသေးဘူး တစ်ခုခုဖြစ်နေလား မသိဘူး "

I Just Want To See You 💕 (✅✅✅)Dove le storie prendono vita. Scoprilo ora