နှလုံးသားရဲ့စေညွှန်းရာ -၁

575 22 10
                                    

နှလုံးသားရဲ့စေညွှန်းရာ -၁
~~~~~~~~~~~~~~~~~

Phone Ringtone သံကြောင့် Film လန့်နိုးလာတာမို့ နာရီကိုကြည့်မိတော့ ည၁၁နာရီ၅၀မိနစ်။

"ကျွတ်! ဒီအချိန်ကြီး ဘယ်သူဆက်တာလဲ"

စိတ်မရှည်စွာရေရွတ်မိရင်း နားထောင်လိုက်တော့ တစ်ဖက်ကပြောလာသူက Jhon။

"Film မင်းအခုချက်ချင်းဆေးရုံကိုလာခဲ့ပေးပါကွာ"

"ဘယ်သူဘာဖြစ်လို့လဲ  ငါ့ကိုရှင်းအောင်ပြောဦး"

"Jam လေ ဗိုက်အောင့်နေတာတအားပဲ ဆရာဝန်ပြောတာ အူအတက်ပေါက်တဲ့လက္ခဏာတဲ့"

"အဲ့ဒါ အမြန်ခွဲစိတ်လိုက်လေကွာ ငါ့ကိုပြောတော့ဘာထူးမှာမို့လဲ မနက်ကျရင် ငါလာခဲ့မယ် ဒါပဲ "

"Film Jamက မင်းမဟုတ်ရင် မခွဲစိတ်နဲ့တဲ့ ဒီမှာဘယ်လိုမှလုပ်မရဘူးဖြစ်နေလို့ ဖြစ်နိုင်ရင်လာခဲ့ပေးပါကွာ နော် ငါတို့တောင်းဆိုတာပါ"

"ငါဆရာဝန်အလုပ်ကို စွန့်လွှတ်ထားခဲ့ပြီဆိုတာ မင်းအသိဆုံးပဲမလား ငါတောင်းပန်ပါတယ် ငါဘယ်လိုမှခွဲစိတ်ပေးနိုင်မှာမဟုတ်ဘူး"

တစ်ခါတည်းဖုန်းချလိုက်မိပြီး လေပူတွေမှုတ်ထုတ်လိုက်မိသည်။ဒါပေမယ့် လေးလံနေခဲ့တဲ့စိတ်တွေက ပေါ့ပါးမသွားပါလား။

"ကျွန်တော်က ကိုကိုဆေးတိုက်မှသောက်မှာ ဆေးလည်း ကိုကိုပဲထိုးပေး"

Filmဆေးကျောင်းစတက်ပြီဆိုတည်းက ဂျီကျတတ်တဲ့ ကောင်လေးက Filmအချစ်ဆုံးသူငယ်ချင်း Johnရဲ့ညီလေး Jam။ အဖေကဆရာဝန်၊ အစ်ကိုကလည်းကိုယ်နဲ့အတူ ဆေးကျောင်းတက်နေဆဲပေမယ့် ကိုယ့်ကိုသာဆေးထိုးစေချင်တဲ့ကောင်လေးကြောင့် သူ့အဖေ အန်ကယ်ခန့်ကိုယ်တိုင်က ပြင်ဆင်ပေးပြီး ကိုယ့်ကိုယုံကြည်စွာထိုးခိုင်းခဲ့ရတဲ့အဖြစ်။

"Jam မင်းက တကယ့်ကိုကောင်ဆိုးလေးပဲ "

Film ကားမောင်းထွက်လာပြီးမှ ဘယ်ဆေးရုံလဲမသိတာမို့ Johnကို ဖုန်းဆက်မေးရသည်။ ဖုန်းထဲမှာကြားနေရတဲ့ Jamရဲ့အသံကြောင့် ကားကိုမြန်နိုင်သမျှ အမြန်ဆုံးမောင်းလာခဲ့မိသည်။

Film ဆေးရုံကိုရောက်တော့ ကုတင်ပေါ်ကကောင်လေးက တစ်ကိုယ်လုံးချွေးတွေရွှဲနစ်နေပြီး နှုတ်ခမ်းသားလေးတွေက ဖြူဖျော့နေပြီ။ အသံလည်းမထွက်တော့ပဲ သတိရသလားမရတော့သလား မသေချာတဲ့အခြေအနေ။

နှလုံးသားရဲ့စေညွှန်းရာ Where stories live. Discover now