နှလုံးသားရဲ့စေညွှန်းရာ -၈
~~~~~~~~~~~~~~~~မြို့တွေတစ်မြို့ပြီးတစ်မြို့ကျော်လွန်လာခဲ့သလို မိုးလင်းလာလိုက်မိုးချုပ်သွားလိုက်နဲ့ Jamတစ်ယောက်တည်းလျှောက်သွားနေမိတာ ဘယ်နှရက်ရှိပြီလဲ သေချာမသိတော့ပါ။ ကိုကိုက ကိုယ့်ကိုသာမဟုတ် မိသားစုကိုပါ အသိမပေးပဲ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့တာဆိုတဲ့အမှန်တရားကိုသိပြီးတဲ့နောက်ပိုင်း လေကြောင်း၊ကုန်းကြောင်းအကုန်လိုက်စုံစမ်းခဲ့ပေမယ့်လည်း Filmဆိုတဲ့နာမည်ကိုအရိပ်အယောင်တောင်မတွေ့ခဲ့။
အခုတော့ အနီးတစ်ဝိုက်မှာရှိတဲ့မြို့တွေရွာတွေကနေစပြီးရှာပုံတော်ဖွင့်ခဲ့တာ အခုဘယ်လောက်ဝေးကွာကျန်ခဲ့ပြီလဲဆိုတာ ပြန်လှည့်မကြည့်ဖြစ်တော့ပဲ ရှေ့ဆက်ဖို့သာ အတွေးကရှိနေ၏။
တောက်!
"ကားက ဘာဖြစ်ပြန်ပြီလဲကွာ "
စိတ်ပျက်စွာညည်းညူရင်း ကားစက်ကိုဖွင့်ကြည့်မိတော့ ကားကပျက်တာမဟုတ်ပဲ ဆီကုန်တာမို့တော်သေးသည်။
"လူပြတ်တဲ့နေရာမှကွာ ကျွတ်!"
ဘေးပတ်ဝန်းကျင်ကိုကြည့်တော့လည်း အိမ်တွေဆိုင်တွေနဲ့တူတာဘာမှမရှိ။ လမ်းမီးတိုင်ကျဲကျဲအောက်မှာ မြက်ရိုင်းပင်တွေက လူတစ်ရပ်နီးပါးမြင့်ပြီး အဝေးကိုလှမ်းကြည့်တော့လည်းဘာကိုမှမတွေ့ရ။
နာရီကိုကြည့်မိတော့ ည၁၁နာရီ ၃၅မိနစ်။ ကားတစ်စီးလောက်ဖြတ်သွားခဲ့ရင် အကူအညီတောင်းပြီး ဆီဖြည့်ရမည်။ မလာခဲ့ရင်တော့ ကားပေါ်မှာ အိပ်ရုံကလွဲပြီး ဘာမှတတ်နိုင်မှာမဟုတ်။
ဒီအချိန်မှာ ကိုကိုက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေမှာလား၊ ကျွန်တော့်လိုပဲ အတွေးတွေနဲ့ အိပ်မပျော်နိုင်ဖြစ်နေမလား။လေတစ်ချက်တစ်ချက်ဝေ့သွားတိုင်း အသည်းခိုက်မတတ်အေးသွားရပေမယ့် ကိုကို့အကြောင်းတွေးမိတာနဲ့ ရင်ထဲက အလိုလိုနွေးလာတယ်ဆိုတာ ကိုကိုသိရဲ့လား။
စူးကနဲကျရောက်လာတဲ့ ကားမီးရောင်ကြောင့် တွေးလက်စအတွေးတွေကိုခဏပြန်သိမ်းပြီး ကားကိုလှမ်းတားလိုက်မိသည်။
YOU ARE READING
နှလုံးသားရဲ့စေညွှန်းရာ
FanficJam မင်းက မှောင်မိုက်နေတဲ့ငါ့ဘဝကိုလမ်းပြပေးမယ့် လမ်းပြကြယ်လား တည်ငြိမ်နေတဲ့ငါ့ဘဝကို လှုပ်ခတ်အောင်လုပ်မယ့် အရှုပ်ထုပ်လား Film ကိုယ့်အစ်ကိုရဲ့သူငယ်ချင်းဆိုတာ ကိုယ့်ကောင်လေးပဲ ...