နှလုံးသားရဲ့စေညွှန်းရာ -၆
~~~~~~~~~~~~~~~~~
နေ့တစ်နေ့ရဲ့အစပြုရာမနက်ခင်းက ဒီနေ့မှထူးထူးခြားခြား နှစ်သက်ဖွယ်ဖြစ်နေခဲ့တာ ကိုယ်ချစ်တဲ့သူကို ရင်ခွင်ထဲပွေ့ပိုက်ထားခွင့်ရခြင်းကြောင့်များလား။ Jamသဘောကျစွာပြုံးမိရင်း အဖြူရောင်ဆံပင်လေးတွေကိုမြတ်နိုးမဝစွာနမ်းရှိုက်မိပြန်သည်။
"ကိုကို ကျွန်တော့်အနားကနေထွက်သွားဖို့ ထပ်မကြိုးစားပါနဲ့တော့လား ကျွန်တော့်အနားမှာပဲနေပေးပါ"
လက်နဲ့ဖြည်းဖြည်းချင်းဆွဲဖွနေမိတဲ့အဖြူရောင်ဆံပင်လေးတွေကိုကြည့်ရင်း ကိုကိုဆံပင်အရောင်ဆိုးကာစအချိန်ဆီ အတွေးတစ်စက လွင့်ထွက်သွားပြန်သည်။
"ကိုကိုက ဒီဆံပင်အဖြူရောင်တွေနဲ့ အလိုက်ဖက်ဆုံးပဲ ဒီအတိုင်းပဲထားပေးနော်"
အဲ့ဒီအချိန်တုန်းက ကိုကိုကသဘောတကျပြုံးနေခဲ့ပြီး သေချာတာတစ်ခုက အခုအချိန်ထိကိုကိုက ဆံပင်ကိုအဖြူရောင်တစ်မျိုးတည်းသာဆိုးထားခဲ့တာ တိုက်ဆိုင်မှုတော့မဖြစ်နိုင်ပါ။
"ကိုကိုလည်းကျွန်တော့်လိုပဲ ချစ်နေခဲ့တယ်မလား"
တွေးမိရုံနဲ့တင် ရင်ထဲအထိနွေးထွေးမှုက စီးဝင်သည်။အချစ်ဆိုတာ ဆောင်းမနက်ခင်းရဲ့ ကော်ဖီတစ်ခွက်လိုလား။
"အင်း...... "
"ကိုကို နိုးပြီလား ဒီနေ့ဘယ်ကိုသွားစရာရှိသေးလဲ"
"ဘယ်မှသွားစရာမရှိပါဘူး ဘာလို့လဲ"
"ဒါဆို ကျွန်တော်နဲ့လိုက်ခဲ့ပါလား အလုပ်ကိစ္စ သွားစရာရှိလို့"
"ငါက ဘာမှနားမလည်ပဲနဲ့ မလိုက်ချင်ပါဘူး"
နှုတ်ခမ်းလေးစူကာပြောလာတော့ Jamက နှုတ်ခမ်းလေးတွေကို မနာအောင်ဖွဖွလေးဆွဲလိုက်ပြီး-
"ညဘက်မှသွားမှာပါ Love Cafe မှာသီချင်းဆိုရမှာ ကိုကိုက ကော်ဖီသောက်ရင်းထိုင်နေရုံပဲကို လိုက်ခဲ့နော်"
"အင်းပါ လိုက်ခဲ့မယ် အခုပြန်တော့မှာလား "
"ဟုတ် အနာဂတ်အတွက် စီစဥ်စရာလေးတွေရှိသေးလို့ ပြန်တော့မယ် "
YOU ARE READING
နှလုံးသားရဲ့စေညွှန်းရာ
FanfictionJam မင်းက မှောင်မိုက်နေတဲ့ငါ့ဘဝကိုလမ်းပြပေးမယ့် လမ်းပြကြယ်လား တည်ငြိမ်နေတဲ့ငါ့ဘဝကို လှုပ်ခတ်အောင်လုပ်မယ့် အရှုပ်ထုပ်လား Film ကိုယ့်အစ်ကိုရဲ့သူငယ်ချင်းဆိုတာ ကိုယ့်ကောင်လေးပဲ ...