နှလုံးသားရဲ့စေညွှန်းရာ -၂
~~~~~~~~~~~~~~~~"ကိုကို ခင်များက ကျွန်တော်ထင်ထားတာထက် ပို အသဲမာတာပဲ"
လူက မထနိုင်မကြွနိုင်ဖြစ်နေပေမယ့် ခွဲစိတ်ပြီးပြန်သွားတည်းက တစ်ခေါက်လေးတောင်လာကြည့်ဖော်မရတဲ့သူကိုမျှော်နေမိသည်။ ခွဲစိတ်ပေးလို့ကျေးဇူးတင်နေတဲ့စိတ်တွေကလည်း တဖြည်းဖြည်းနဲ့လျော့ပါးစပြုနေပါပြီ။
"သားရေ အင်တာဗျူးလုပ်ချင်လို့တဲ့ သားအဆင်မပြေဘူးမလား ပြန်ခိုင်းလိုက်မယ်နော်"
"ကျွန်တော်အဆင်ပြေတယ် မေမေ ဝင်လာခိုင်းလိုက်ပါ"
Jamက သရုပ်ဆောင်တော့မဟုတ်ပေမယ့် modelလောကမှာတော့ အတော်အသင့်အောင်မြင်နေပြီမို့ မီဒီယာတွေရဲ့အာရုံစိုက်ခြင်းကိုခံနေရတာ မဆန်းပါ။ ကိုယ်ကလည်းကိုယ်ပဲ ဂရုစိုက်ချင်တဲ့လူတွေပေါများနေသလောက်ကိုယ်ကချည်းငြင်းလွှတ်နေခဲ့ပြီး အရေးမလုပ်တဲ့သူ ကိုပဲ လည်တဆန့်ဆန့်နဲ့မျှော်နေမိတဲ့အဖြစ်။မေမေကတော့ ကိုယ့်အဖြစ်ကိုရိပ်မိနေသလိုပါ။
"မင်္ဂလာပါ မောင်လေး အစ်မက Love Channal ကပါ အနုပညာရှင်တွေရဲ့အချစ်ရေးနဲ့လတ်တလောအနုပညာလှုပ်ရှားမှုလေးတွေကို တင်ဆက်ပေးနေတဲ့ Channalတစ်ခုပါ"
"ဒါဆို ကျွန်တော်က သရုပ်ဆောင်လည်းမဟုတ် အဆိုတော်လည်းမဟုတ်ပဲနဲ့ "
"ဒါပေမယ့် မောင်လေးက Modelလောကမှာ အရမ်းကိုအောင်မြင်နေတဲ့သူပဲလေ အနုပညာရှင်တွေထက်တောင် လူတွေကပိုစိတ်ဝင်စားနေကြတာကို"
"ဟုတ် မေးပါ ကျွန်တော်ဖြေနိုင်တဲ့မေးခွန်းဆိုရင်ဖြေပေးပါ့မယ်"
"ပရိတ်သတ်တွေသိချင်နေတာကလေ မောင်လေးက ဂစ်တာတီးတာ သီချင်းဆိုတာလည်း တော်တယ်လို့ကြားတယ် ရုပ်ကလည်းချောတယ်ဆိုတော့ သရုပ်ဆောင်ဖြစ်ဖြစ်အဆိုတော်ဖြစ်ဖြစ် လုပ်ဖို့အစီအစဥ်များရှိလား "
"အဲ့လောက်အထိမတွေးထားဘူးဗျ ဒါကလည်း ကျွန်တော့်ဝါသနာအရပဲလုပ်နေတာပါ သရုပ်ဆောင်တို့အဆိုတော်တို့လုပ်ဖို့ကကျ လိုအပ်ချက်တွေရှိဦးမယ်ထင်တယ်ဗျ ဝါသနာပါတိုင်းလုပ်လို့ရတာမျိုးမဟုတ်ဘူးလေ လုပ်ဖြစ်တဲ့အခါမှပဲ ထပ်ပြောပေးပါ့မယ်"
YOU ARE READING
နှလုံးသားရဲ့စေညွှန်းရာ
FanfictionJam မင်းက မှောင်မိုက်နေတဲ့ငါ့ဘဝကိုလမ်းပြပေးမယ့် လမ်းပြကြယ်လား တည်ငြိမ်နေတဲ့ငါ့ဘဝကို လှုပ်ခတ်အောင်လုပ်မယ့် အရှုပ်ထုပ်လား Film ကိုယ့်အစ်ကိုရဲ့သူငယ်ချင်းဆိုတာ ကိုယ့်ကောင်လေးပဲ ...