နှလုံးသားရဲ့စေညွှန်းရာ -၅
~~~~~~~~~~~~~~~~"ကဲ.....ဆိုစမ်းပါဦး ရှိသမျှအလုပ်တွေထားခဲ့ပြီး ဘန်ကောက်ကိုလိုက်သွားရတဲ့အကြောင်းအရင်းလေး"
"ဘာမှပြောဖို့မရှိဘူး သွားချင်စိတ်ပေါ်လာလို့ သွားလိုက်တာ ဒီလောက်ပဲ"
လေဆိပ်ကနေ ပြန်ရောက်ရုံပဲရှိသေး မိသားစုစုံစုံလင်လင်နဲ့ ဝိုင်းပြီးမေးမြန်းတာခံနေရတဲ့ဘဝကလည်း မလွယ်ပါလား Jamရေ။
"ညီညီ အဲ့ဒါ Filmနဲ့လက်ထပ်မယ့် မိန်းကလေးနော် "
"အဲ့ဒါ ကျွန်တော်နဲ့ဆိုင်လို့လား"
"မဆိုင်ပဲနေမလားသားငယ်ရယ် သူ့ခမျာပထမတစ်ခါလက်ထပ်ပွဲပျက်ခဲ့တုန်းကလည်း သားကြောင့်ဖြစ်ခဲ့ရတာပဲ အခုတစ်ခါတော့ အေးဆေးလက်ထပ်ပါစေကွယ် သူ့အဖွားကိုယ်တိုင်သဘောတူထားတာဆို"
"ကျွန်တော်မှ သဘောမတူတာ ပြီးတော့ ကိုကိုကလည်းမချစ်ဘူး ပြီးနေပြီလေ The End လို့စာတန်းထိုးထားပြီးသားကြီးကို အထူးအဆန်းတွေပြောနေတယ်"
"သားငယ် မင်းမှာ ရည်းစားတွေအများကြီးရှိတယ်ဆို"
မေမေနဲ့ကိုကြီးပြောနေရင်း စကားနည်းတဲ့ဖေဖေပါ ဝင်ပါလာတော့ ဘယ်လိုနည်းနဲ့မှ ကိုယ့်အတွက် အခြေအနေမကောင်းနိုင်။
"ရှိခဲ့ဖူးတာပါ ဖေဖေရယ် အခုလက်ရှိမှာတစ်ယောက်မှမရှိဘူး တစ်ယောက်တည်းကိုပဲ အတည်တွဲတော့မလို့"
"ဘာ"
ဘာဆိုတာက ဖေဖေ့ဆီကမဟုတ်ပဲ ကိုကြီးဆီကထွက်လာတာပါ။ ကိုယ့်လိုလူက ခြေငြိမ်တော့မယ်ဆိုတော့လည်း ဘယ်သူကမှယုံကြည့်မယ့်ပုံမရှိ။
"ခင်စံပယ်ဖြူကိုကျမှ သားက တကယ်ချစ်မိသွားတာပေါ့ ဟုတ်လား"
"ဟာဖေဖေကလည်း ကျွန်တော်သူ့ကိုချစ်တယ်လို့ပြောမိလို့လား"
"ပြောလားမပြောလားတော့မသိဘူး လိုင်းပေါ်မှာ သတင်းတွေက ပလူပျံနေပြီ ဟိုတစ်ခါအင်တာဗျူးမှာဖြေခဲ့တဲ့သူက ဒီမိန်းကလေးဆိုပြီးပြောနေကြတာ"
"ဟုတ်မှမဟုတ်တာ "
"အေး မဟုတ်ရင်ပိုကောင်းတာပေါ့ အခုကမင်းသားလုပ်မှာလား အဆိုတော်လုပ်မှာလား လုပ်မယ်ဆိုရင်လည်း တစ်ခုခုကိုဖြစ်မြောက်အောင်လုပ်စမ်းပါကွာ ငါ့မှာလည်းလုပ်ဖော်ကိုင်ဖက်တွေကမေးရင် ဘာပြန်ဖြေရမှန်းမသိ "
YOU ARE READING
နှလုံးသားရဲ့စေညွှန်းရာ
FanficJam မင်းက မှောင်မိုက်နေတဲ့ငါ့ဘဝကိုလမ်းပြပေးမယ့် လမ်းပြကြယ်လား တည်ငြိမ်နေတဲ့ငါ့ဘဝကို လှုပ်ခတ်အောင်လုပ်မယ့် အရှုပ်ထုပ်လား Film ကိုယ့်အစ်ကိုရဲ့သူငယ်ချင်းဆိုတာ ကိုယ့်ကောင်လေးပဲ ...