နှလုံးသားရဲ့စေညွှန်းရာ -၉

133 12 2
                                    

နှလုံးသားရဲ့စေညွှန်းရာ -၉
~~~~~~~~~~~~~~~~

"ကိုကို"

ခေါ်သံကြားလို့လှည့်ကြည့်မိတော့ ကိုယ့်ရဲ့ဘယ်ဘက်လက်ကိုဆွဲကိုင်ထားတဲ့သူက ဟိုနေ့ကအအေးဝယ်လာပေးတဲ့သူ။ညာဘက်လက်တစ်ဖက်ကိုတော့ ညီမလေးကဆုပ်ကိုင်ထားခဲ့သည်။ ကိုယ်က၂ယောက်ရဲ့အလယ်မှာရပ်နေမိကာ ဘယ်ဘက်ကိုသွားရမလဲစဥ်းစားလို့မရ။

"ကိုကို ညီမလေးဆီကိုလာပါ ညီမလေးကိုချစ်တယ်ဆိုရင် ညီမလေးနဲ့ပဲနေပါနော်"

"ကိုကို ကျွန်တော့်ကိုဒီတစ်ခါထပ်ပြီးထားသွားမယ်ဆိုရင် ဘယ်တော့မှထပ်မတွေ့ရတော့ဘူးလို့ မှတ်လိုက်ပါ "

ညီမလေးက ငိုနေသလို ဟိုကောင်လေးကလည်း ပါးပြင်ပေါ်ကိုဖြတ်မစီးတာပဲရှိကာ မျက်ဝန်းထဲမှာ မျက်ရည်တွေက ပြည့်သိပ်နေခဲ့ပြီး။ ရင်ဘတ်ထဲကနာလိုက်တာ။ဒီကောင်လေးရဲ့မျက်ရည်တွေက ညီမလေးရဲ့မျက်ရည်ထက်ပိုပြီး ကိုယ့်ရင်တွေနာစေတာက ဘာကြောင့်များလဲ။

"ကိုကို "

ညီမလေး ကမ်းပေးလာတဲ့လက်တစ်ဖက်ကို ပြန်ပြီးဆုပ်ကိုင်ထားမိတဲ့အခိုက်အတန့်မှာ ကိုယ်ရပ်နေတဲ့နေရာက ချောက်ကမ်းပါးအစွန်းတစ်ခုဖြစ်သွားခဲ့ပြီး -

"Jam!"

သတိလက်လွှတ်အော်လိုက်မိခြင်းက ကိုယ့်အသံကို ကိုယ်ပြန်ကြားရတဲ့အထိ။နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်အစုံက ကိုယ့်ရဲ့ထိတ်လန့်မှုအတိုင်းအတာကိုဖော်ပြနေသည်။ဒါတွေက အိပ်မက်တစ်ခုလား။ကိုယ့်အာရုံထဲမှာတော့ နောက်ကိုတစ်လှမ်းချင်းဆုတ်ရင်း ချောက်ကမ်းပါးထဲကျသွားခဲ့တဲ့ Jamရဲ့ပုံရိပ်တွေက ဖျောက်ဖျက်ပစ်လို့မရနိုင်သေးပါ။

ကိုယ့်ကိုမြင်မြင်ချင်း ကိုကိုလို့ခေါ်ခဲ့တဲ့ကောင်လေးက သူ့ကိုယ်သူ Jamပါလို့မိတ်ဆက်ပေးခဲ့တာ မနေ့ကမှ ။ ကိုယ်ကပဲစိတ်စွဲနေခဲ့တာလား၊ ဒါမှမဟုတ် ကိုယ်မမှတ်မိနိုင်တဲ့ အတိတ်တွေထဲမှာ သူနဲ့ကိုယ်က ပတ်သက်ဆက်နွယ်နေခဲ့တာလား။

....ကန်တော်ကြီး.. အင်းလျားလည်းမသွားချင်.. ကိုယ်လေမသွားဘူး..ပြန်မြင်ယောင်ကာ.. ဆွေးနိုင်တယ်...

နှလုံးသားရဲ့စေညွှန်းရာ Where stories live. Discover now