နှလုံးသားရဲ့စေညွှန်းရာ -၇
~~~~~~~~~~~~~~~~အိပ်ယာစောစောထတတ်တဲ့အကျင့်ကြောင့် မနက်၅နာရီ ကျော်တာနဲ့ မျက်လုံးတွေကအလိုလိုပွင့်လာပြီးသား။Jamကတော့ ကိုယ့်တစ်ကိုယ်လုံးကိုသိမ်းကြုံးဖက်ထားရင်း အိပ်မောကျနေတုန်းပါပဲ။
အိပ်ယာဘေးကခုံပေါ်မှာတင်ထားတဲ့ဖုန်းကို ပါဝါlင့်လိုက်တာနဲ့ တွေ့လိုက်ရတာက Massageနဲ့Missed call တွေ။ရင်ဆိုင်ဖို့အဆင်သင့်မဖြစ်သေးတာကြောင့်ဖွင့်မကြည့်တော့ပဲ အင်တာနက်လိုင်းဖွင့်လိုက်တော့ တန်းစီတက်လာတဲ့သတင်းတွေက Jamနဲ့ပတ်သက်တာတွေချည်း။###ကိုယ့်ကိုယ်ကို Gayတစ်ယောက်ဆိုတာကို လျှို့ဝှက်ထားပြီး ပရိတ်သတ်တွေရဲ့အချစ်ကို လိမ်လည်ယူခဲ့တဲ့ Jam###
###နာမည်ပျက်ရှိဖူးတဲ့ဆရာဝန်နဲ့နာမည်ကြီးModelတစ်ယောက်ရဲ့အချစ်ရေး###
###တစ်လောကလုံးကိုကျောခိုင်းပြီးချစ်တဲ့သူကိုသတ္တိရှိရှိလက်တွဲခဲ့တဲ့ Jam###
မတူညီတဲ့ အမြင်တွေကြား ကွဲပြားတဲ့ခေါင်းစဥ်တွေအမျိုးမျိုးဖြစ်နေပေမယ့် အားလုံးရဲ့ဦးတည်ရာက တစ်ခုတည်း။တစ်ခုခုဆိုရင် အကောင်းမြင်တဲ့သူထက် အဆိုးမြင်တဲ့သူများတဲ့အလျောက် comment တော်တော်များများက ဆဲဆိုထားတာတွေဖြစ်ကာ အကောင်းဘက်ကတွေးပြီးအားပေးတဲ့သူကလည်း နည်းနည်းပါးပါးရှိ၏။
(အချောအလှလေးတွေထည်လဲတွဲနေတဲ့Jamက နောက်ဆုံးသူလက်ထပ်ဖို့ဆုံးဖြတ်တော့ ယောက်ျားတစ်ယောက်တဲ့လား ဘယ်လိုယောက်ျားလဲဆိုတာအရမ်းသိချင်နေပြီ)
(Uတစ်ယောက်တည်း မဟုတ်ပါဘူးနော် တို့လည်းအရမ်းသိချင်နေတာ)
(ဟိုတစ်ခါ အင်တာဗျူးမှာဖြေသွားတာ ဆရာဝန်လို့သွယ်ဝိုက်ပြောခဲ့သလားပဲ)
(ငါမြင်ဖူးတယ်သိလား လှလိုက်တာ မိန်းကလေးတွေတောင်ထိုင်ငိုသွားရလောက်တယ် နုဖက်အုအက်နေတာပဲ😊😊 )
Groupဖွဲ့ပြီးပြောနေကြတာမဟုတ်ပဲ comment မှာပဲ တစ်ယောက်တစ်လှည့်ရေးနေကြတာလည်းရှိ၏။ကိုယ်တွေအကြောင်းကိုဘယ်သူမှမရိပ်မိဘူးလို့ထင်ခဲ့ပေမယ့် သိတဲ့သူတွေရှိနေခဲ့တာပါလားလို့တွေးမိတော့ ဒါတွေအားလုံးက Jamရဲ့အောင်မြင်မှုနဲ့သက်ဆိုင်နေခဲ့တာကိုသတိရသည်။
YOU ARE READING
နှလုံးသားရဲ့စေညွှန်းရာ
ФанфикJam မင်းက မှောင်မိုက်နေတဲ့ငါ့ဘဝကိုလမ်းပြပေးမယ့် လမ်းပြကြယ်လား တည်ငြိမ်နေတဲ့ငါ့ဘဝကို လှုပ်ခတ်အောင်လုပ်မယ့် အရှုပ်ထုပ်လား Film ကိုယ့်အစ်ကိုရဲ့သူငယ်ချင်းဆိုတာ ကိုယ့်ကောင်လေးပဲ ...