နှလုံးသားရဲ့စေညွှန်းရာ -၄
~~~~~~~~~~~~~~~~(နည်းနည်း ရိုင်းတဲ့အသုံးအနှုန်းလေးတွေပါတာမို့ မကြိုက်ရင် ကျော်သွားဖို့ ပြောပါရစေ ကိုယ်ချစ်တဲ့အနုပညာရှင်တွေကိုထိခိုက်ဖို့ရည်ရွယ်ချက်မရှိတာမို့ ကြိုပြီးတောင်းပန်ပါတယ်နော်🙏🙏🙏)
................................................................................
ကလင်
Notiတက်လာတာမို့ ဖုန်းဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ စာကြောင်းလေးကြောင့် ရင်ထဲမှာ ဒိန်းကနဲ။
So sweet, More than all
အားလုံးထက်ပိုချိုတယ်ဆိုတာ ညနေကကိစ္စကလွဲလို့ဘာမှမဖြစ်နိုင်။ ဒီကောင်လေးဘာတွေလုပ်ဖို့တွေးနေတာလဲ ငယ်တဲ့သူက လျှောက်လုပ်နေတယ်ဆိုရင် ကိုယ်ကရော ဒီလိုနေသင့်ရဲ့လား။ မကြာခင်လက်ထပ်ရတော့မယ့်လူတစ်ယောက်အနေနဲ့ လေထဲမှာ တိုက်အိမ်ဆောက်မနေသင့်ဘူးလေ။
.....Jam ဒါတွေအားလုံးက စိတ်ကစားတဲ့အချိန်မှာ ထင်ယောင်ထင်မှားဖြစ်တာမျိုးပါ ဒီနေ့ဖြစ်ခဲ့တာတွေအားလုံးမေ့လိုက်တော့.....
ဘာပြန်ရေးမလဲ မျှော်နေမိပေမယ့် ဘာမှမဝင်လာတာမို့ Film ဖုန်းကိုပိတ်ပြီး အိပ်ယာဘေးကခုံပေါ်တင်လိုက်သည်။ နောက်ဆုံးတော့လည်း လွယ်လွယ်နဲ့လက်လျှော့လိုက်ပြီပဲ။ ထင်ထားတာထက်ပိုလွယ်ကူနေတော့ ကိုယ်တိုင်တောင်မယုံနိုင်။ကိုယ့်ဘက်ကသာ တစ်ဖက်သတ်ဆန်ဆန် ရူးနှမ်းခဲ့ခြင်းတွေများလား။
ဒေါက် ဒေါက်
တံခါးခေါက်နေပေမယ့် ဒီအချိန်မှာ ဖွားနဲ့လည်းစကားမပြောချင်သေးတာမို့ စောင်ကိုခေါင်းမြီးခြုံပြီး အိပ်ဟန်ဆောင်နေလိုက်မိသည်။
ဒေါက် ဒေါက်
"ဖွားရေ သားအိပ်တော့မလို့ ပြောစရာရှိရင် မနက်မှပြောတော့နော်"
ဒေါက် ဒေါက်
"ဘာလဲဖွားရယ် အိပ်တော့မလို့ပါဆို"
စူပွပွလေးပြောပြီး တံခါးဖွင့်လိုက်တော့ ကိုယ့်ကိုတင်းကြပ်စွာဖက်လာတဲ့လူတစ်ယောက်။
"Jam ဘာလုပ်တာလဲ လွှတ် ၊ အချိန်မရှိအခါမရှိသူများအိမ်ကိုဘာလာလုပ်တာလဲ ပြန်တော့"
YOU ARE READING
နှလုံးသားရဲ့စေညွှန်းရာ
FanfictionJam မင်းက မှောင်မိုက်နေတဲ့ငါ့ဘဝကိုလမ်းပြပေးမယ့် လမ်းပြကြယ်လား တည်ငြိမ်နေတဲ့ငါ့ဘဝကို လှုပ်ခတ်အောင်လုပ်မယ့် အရှုပ်ထုပ်လား Film ကိုယ့်အစ်ကိုရဲ့သူငယ်ချင်းဆိုတာ ကိုယ့်ကောင်လေးပဲ ...