နှလုံးသားရဲ့စေညွှန်းရာ -၁၀

209 13 3
                                    

နှလုံးသားရဲ့စေညွှန်းရာ -၁၀
~~~~~~~~~~~~~~~~~

ဒေါက် ဒေါက် ဒေါက်

Jam....Jam

"ဘယ်သူလဲကွာ ဒီအချိန်ကြီးကို"

ပါးစပ်ကပြောနေမိပေမယ့် မျက်လုံးတွေကဖွင့်မရသေးပါ။ညနေက ကိုကို့ကိုသဝန်တိုတဲ့စိတ်နဲ့ပြန်လာခဲ့ပြီး ထမင်းလည်းမစားနိုင် အိပ်လို့လည်းမပျော်နဲ့ ညဥ့်နက်မှအိပ်ပျော်သွားပုံရကာ အခုဘယ်နှနာရီရှိနေပြီမှန်းလည်းမသိ။လူကမှေးကနဲပြန်အိပ်ပျော်သွားပေမယ့် တံခါးခေါက်သံကဆက်တိုက်ထွက်ပေါ်လာတာမို့ Jamမျက်လုံးတွေဆက်မှိတ်လို့မရတော့ပဲ ငုတ်တုတ်ထထိုင်ရခြင်းအဖြစ်သို့ရောက်၏။

Jam..Jam

ခေါ်နေသံက ခပ်အုပ်အုပ်မို့ ဘယ်သူဆိုတာခန့်မှန်းလို့မရသလို ကိုကိုလို့ထင်ရအောင်လည်း ကိုကိုကနေမကောင်းဖြစ်နေတာ ကိုယ်သာအသိဆုံး။တံခါးဆီကိုထလျှောက်လာနေတုန်းမှာ ကိုယ့်နားထဲဝင်လာတာက ရှိုက်သံသဲ့သဲ့လေး။

ကိုကို..

Jam တံခါးကိုဆွဲဖွင့်လိုက်တာနဲ့မြင်လိုက်ရတာကညအိပ်ဝတ်စုံအဖြူရောင်လေးဝတ်ထားတဲ့ကိုကို။ဆံပင်တွေကဖွာလန်ကြဲနေကာ မျက်နှာလေးကလည်းမျက်ရည်တွေနဲ့ကြောင်ချီးရုပ်ကလေးဖြစ်နေပြန်သည်။

ဟင့်..

ကိုယ့်အိမ်ထဲကို ကိုကိုဝင်လာတဲ့အဖြစ်ကိုမယုံကြည်နိုင်ဖြစ်နေစဥ်မှာပဲ ကိုကိုကတစ်ချက်ရှိုက်လိုက်ပြီး ကိုယ့်ခါးကိုပြေးဖက်လာတာ တင်းကြပ်စွာ။

"ကိုကို..ကိုကို ဘာဖြစ်လာတာလဲ ဘာလို့ငိုနေတာလဲ"

"ဟင်အင်း"

ပုခုံးလေးတွေကိုကိုင်ပြီး ဆွဲခွာလို့လည်းမရပဲ ဖက်ထားတဲ့လက်တွေကို ပိုမိုတင်းကြပ်စွာဖက်တွယ်လာ၏။

"ကိုကို အိပ်မက်ဆိုးတွေမက်ခဲ့တာလား"

ဟင်..

"ငါအိပ်မက်ဆိုးမက်တာ မင်းကဘယ်လိုသိနေတာလဲ"

ကိုယ့်အမေးစကားကိုကြားတော့မှ ဖက်ထားတဲ့လက်တွေကိုလွှတ်လိုက်ပြီး ကိုယ့်မျက်နှာကိုပြန်ကြည့်လာတဲ့ကိုကိုက တကယ့်ကိုအူကြောင်ကြားလေးဖြစ်နေပြန်ရော။

နှလုံးသားရဲ့စေညွှန်းရာ Where stories live. Discover now