နှလုံးသားရဲ့စေညွှန်းရာ -၃(Uni)

196 23 7
                                    

နှလုံးသားရဲ့စေညွှန်းရာ -၃
~~~~~~~~~~~~~~~~

"သားရေ မင်းအဖွားက သူ့အိမ်ကိုလာခဲ့ပါဦး "
ဆိုတဲ့ ဖေဖေ့ရဲ့စကားကြောင့် အဖွားရဲ့အိမ်ကိုလာခဲ့ရသည်။ အဖွားရဲ့အိမ်က Johnတို့အိမ်နဲ့ကပ်လျက်မှာပါ။ ဆေးကျောင်းတက်တဲ့အချိန်တုန်းကတော့ အဖွားရဲ့အိမ်မှာပဲလာနေတာမို့ Johnတို့တစ်မိသားစုလုံးနဲ့ တကယ့်ကိုရင်းနှီးခဲ့ကြတာ။

"ဖွားးက မြေးကိုအိမ်ထောင်ပြုစေချင်ပြီ"

"တော်ပါပြီ ဖွားရယ် ကျွန်တော် အိမ်ထောင်မပြုချင်ပါဘူး"

"မရဘူးမြေး လက်ထပ်ရမယ် အဲ့ဒီလူကလည်းတခြားသူမဟုတ်ဘူး မြေးနဲ့ကျောင်းနေဖက် ခင်စံပယ်ဖြူဆိုတဲ့ မိန်းကလေးပဲ"

"ဗျာ"

"သူ့အဖွား ဒေါ်ဖြူဖြူမြင့်ဆိုတာ ဖွားရဲ့သူငယ်ချင်းပဲ ဟိုနေ့ကဆုံကြတုန်းစကားစပ်မိလို့ တစ်ခါတည်းပြောခဲ့လိုက်တာ ဒီမိန်းကလေးက မြေးအကြောင်းသိပြီးသားဖြစ်သလို မြေးကိုနားလည်ပေးနိုင်ဆုံးသူပဲ ဒါကြောင့်မို့ မြေးမငြင်းပါနဲ့"

ဟူး...

ဖွားး ပြောတာနားထောင်နေရင်း Jamကို သတိရလာမိတော့ သက်ပြင်းချလိုက်မိပြန်သည်။ လွန်ခဲ့တဲ့၁ပတ်လောက်ကမှ ကိုယ်နဲ့ခင်စံပယ်ဖြူကို တစ်မျိုးထင်ပြီး ပြဿနာရှာခဲ့သေးတာမလား။ဒီကောင်လေးနဲ့ဘယ်လိုရှေ့ဆက်ရပါ့မလဲ။

"ပြီးတော့ ဒီနေ့ကစပြီး မြေးက ဖွားအိမ်မှာပဲပြန်လာနေတော့ လက်ထပ်ပြီးရင်လည်း ဒီမှာပဲနေ"

ဟူး.....

"မြေး သက်ပြင်းတွေချည်းချနေပါလား ဘာလဲ ရည်းစားရှိရင်လည်းပြောလေ ဖွားသဘောတူရင်ပေးစားမယ်"

"မရှိပါဘူး ဖွားရယ် ဖွားလုပ်ချင်သလိုသာလုပ်တော့"

အရင်နေခဲ့တဲ့အခန်းမှာပဲ အဖွားကပြင်ပေးခိုင်းထားတာမို့ အခန်းထဲဝင်လာရင်း ဟိုဘက်အိမ်က ကိုယ့်အခန်းနဲ့မျက်နှာချင်းဆိုင်အခန်းလေးကိုကြည့်မိတော့ လှုပ်ရှားသွားတဲ့စိတ်တွေက ထိန်းမနိုင်သိမ်းမရ။ အခု ကိုယ့်အသက်က ၂၉နှစ်ရှိပြီမို့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ် မလား။

နှလုံးသားရဲ့စေညွှန်းရာ Where stories live. Discover now