Part-15

1K 107 88
                                    

"သား...!!"

ဒေါ်ရွှေနှင်းဆီ၏ အာမေဍိတ်အသံနှင့်အတူ ကျန့်ကျန့်လန့်၍ ငုတ်တုတ်ထထိုင်မိသည်။
ဘာများဖြစ်သလဲလို့ စိုးရိမ်စိတ်က ငယ်ထိပ်တက်လာပြီး မတ်တပ်ထရပ်ဖို့ပြင်၏..။

"ဘာ..ဘာဖြစ်တာလဲအမေ.."

"ဟဲ့..အဲ့ဒါအမေမေးရမှာလေ..သားကဘာဖြစ်လို့ ကြမ်းပြင်ပေါ်အိပ်နေတာလဲ အိပ်ခန်းထဲ ဝင်အိပ်နေတာလည်း မဟုတ်ဘဲ.."

အမေဖြစ်သူ၏ စကားကြားမှ မိမိအပြင်မှာ အိပ်ပျော်သွားမှန်းသတိရသည်။ မြို့ပေါ်တက်တုန်းက ဝယ်လာသည့် တိုင်ကပ်နာရီကိုလှမ်းကြည့်တော့ ည၁၂နာရီပင်ထိုးလုပြီ။

ဒေါ်ရွှေနှင်းဆီတို့ တစ်ရေးနိုးရေထသောက်ရင်း အိမ်ပေါ်တက်လာတာ ဖြစ်ချေမည်။
မိမိ၏ အမေနှင့်အဖေက အေးသည့်အိမ်အောက်ထပ်မှာသာ အိပ်နေကျမို့ ကျန့်ကျန့်တစ်ယောက်သာ အိမ်ပေါ်ထပ်အခန်းမှာ အိပ်သည်။

ကျန့်ကျန့်မှာ ညက ဦးခေါင်းကိုက်ခဲသည့်ဒဏ်ကြောင့် ညကျောင်းတောင် ဆင်းမသင်နိုင်ဘဲ ဝရံတာရှေ့မှာ မှိန်းနေရာကနေ အိပ်ပျော်သွားတာဖြစ်ချေမည်..။

"‌အအေးတော့ပတ်တော့မှာပဲ သွားသွား အိပ်ခန်းထဲဝင်အိပ်.."

အမေက အိပ်ခန်းထဲ အတင်းနှင်လွှတ်နေတာကြောင့် ကျန့်ကျန့် အိပ်ချင်မူးတူးနှင့် အိပ်ခန်းထဲသို့ လေးဖက်တွားသွား၍ ဝင်သည်။

အိပ်ပျော်နေမှ တကယ်တည်းပဲ...။

*****************************

"အစ်ကို..‌ကျောင်းသွားတော့မလားဟင် ယမင်းလိုက်ပို့ပေးမယ်လေ.."

ရိပေါ်စိတ်ထဲ၌ ကျစ်တစ်ချက်သက်လိုက်၏..။ မိန်းမတွေများ သိပ်စိတ်ရှုပ်စရာကောင်းလှပါသည်။ မျက်စိနောက်စရာကောင်းလောက်အောင်ပင် အလှအပပြင်ဆင်ပြီး ဘုန်းကြီးကျောင်းမှ သူ့ဆီသို့ လာလေ၏..။

"ယမင်းဖြူခင်ဗျ မိန်းကလေးတစ်ယောက်အနေနဲ့ အိန္ဒြေထိန်းစေချင်ပါတယ် ခင်ဗျားက ခင်ဗျားကိုခင်ဗျား သိက္ခာချနေတာနဲ့တူပါတယ် မိုးလင်းမိုးချုပ် ကျွန်တော့်ဆီမလာပါနဲ့ ရွာထဲမှာ တစ်မျိုးပြောသံတွေ ကြားနေရလို့ပါ"

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now