(17)နှစ်ကြာသော်...
"အီး..ဟီး..ဒယ်ဒီရေ..ဦးဦး..ကျန့်ကျန့်ကို အနိုင်ကျင့်နေတယ် အီး..ဟီး.."
အိမ်ပေါ်က အော်ငိုသံကြောင့် ရိပေါ် ကျူရှင်ကလေးတွေ၏ စာကို စစ်နေရာကနေ အပေါ်ကို ချက်ချင်းပြေးတက်လာတော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည့် Legoရုပ်များက ဆီးကြိုသည်။
ရှေ့လေးနည်းနည်း ဆက်သွားကြည့်မိတော့ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်ကာ အော်ငိုနေသည့် ကလေးနှင့် မျက်နှာကို စပ်ဖြဲဖြဲလုပ်နေသည့် အစ်ကို ဖြစ်သူကို တွေ့ပါ၏..။
"အီးဟီး..ဒက်ဒီ..ဒက်ဒီ!..ဦးဦးက ကျန့်ကျန့်ဆက်ထားတဲ့ Legoရုပ်တွေကို ဖျက်ပစ်တယ် အီးဟီး"
မထွက်သည့်မျက်ရည်ကို အတင်းညစ်ကာ ကြမ်းပြင်၌ ခြေဆောင့်ရင်း အော်ငိုသည့် ကျန့်ကျန့်က တစ်နေ့တစ်ခြား ရိပေါ်၏ ကျန့်ငယ်နှင့် တူလာပါ၏..။
လွန်ခဲ့သည့် ၁၇နှစ်က ၄နှစ်သာ ရှိသေးသည့် ကလေးလေးကို ခေါ်ယူမွေးစားခဲ့သည့် ရိပေါ်က မျောက်ရှုံးအောင်ဆော့သော ကျန့်ကျန့်ကို အသက်မထွက်ရုံတမယ် ထိန်းခဲ့ဖူးပါ၏..။အခုလည်း ဆယ်တန်းဆိုသော တက္ကသိုလ်ဝင်တန်းကို တက်နေသည့် ကလေးကြီးက Legoရုပ်တွေနှင့် ဆော့နေပြန်ပါသတဲ့..။
ဒါကို အရမ်းအစသန်သည့် သူ့အစ်ကိုကလည်း အသည်းယားလို့ Legoရုပ်တွေကို ဖျက်ပစ်တာနေပါလိမ့်မည်..။
"ဦးဦးက ကျန့်ကျန့်ကို ချစ်လို့လေ မငိုရဘူးနော် ဦးဦး ပြန်ဆက်ပေးမယ် လာ.."
ဟောက်ရွမ်းက ပြောပြောဆိုဆို Legoရုပ်လေးတော့ ပြန်ဆက်ပေးမည်လုပ်တော့ ကျန့်ကျန့် သူ့အရုပ်တွေ အထိမခံ..
"ဟင့်..ဆက်မပေးနဲ့ ဦးဦးက Mobile Lengendမှာ ကျန့်ကျန့်ကို skinသာဝယ်ပေး.."
"ချာတိတ်နော်..ဒယ်ဒီပြောထားတာ မေ့နေပြီလား ဖုန်းမကိုင်ရဘူး ဂိမ်းမဆော့ရဘူးလို့ ပြောထားတယ်လေ"
ရိပေါ် ခါးမှာလက်ထောက် မျက်စောင်းထိုးကာ ပြောတော့ တကယ်မျက်ရည်ကျလာသည့် ကျန့်ကျန့်ကြောင့် ညီအစ်ကိုနှစ်ယောက်လုံး ဗျာများရပြန်သည်။
YOU ARE READING
အညာမြေမှတ်တမ်း (Complete) အညာမွမေှတျတမျး (Complete)
Fanfictionကျောင်းဆရာလေး ဝမ်ရိပေါ်ကို စပ်စလူးစိန်ဓာတ်ဗူးပိန် ရှောင်းကျန့်တစ်ယောက် ဘယ်လိုသမာဓိချွေသွားမလဲဆိုတာ ပုလဲဟန်ရွာလေးကို အလည်လာကြမှ သိနိုင်မှာနော့ အညာမြေက ဒီစိတ်ကူးယဉ်ရွာလေးကို ရောက်အောင်လာလည်ကြပါဦးဗျ အကြမ်းရေနဲ့ ထန်းလျက်ခဲချကျွေးပြီး ဧည့်ခံပါ့မယ်ဗျ ကြေ...