Part-11

1.1K 104 59
                                    


Unicode

    "ခေါင်းကို တော်တော်ထိထားပုံပဲဗျ.. အခန့်မသင့်ရင် လူနာက အတိတ်ပါမေ့သွားနိုင်တယ်ဗျ"

     "ရှင်.."

ဆရာဝန်၏ ပြောကြားချက်ကြောင့် ဒေါ်ရွှေနှင်းဆီ ဟီးချကာ ထပ်ငိုသည်။
ကျောက်ပန်းတောင်းမြို့ပေါ်သို့ အမြန်ဆုံးနီးဖြင့် ထော်လာဂျီစီးလာခဲ့သော်လည်း ဆရာဝန်က ဤကဲ့သို့ ဆိုးရွားစွာ မှတ်ချက်ပေးလေသည်။

     "ဒါဆို ကျွန်မတို့သားလေးက ကျွန်မတို့ကိုပါ မမှတ်မိလောက်ဘူးနော်ဆရာ..ဟီးဟီး.
ကိုရှောင်းထွဋ်ရေ..ကိုယ်ကျိုးနည်းပါပြီတော့်.."

မနှင်းဆီ ရင်ဘတ်စည်တီးကာ အော်ဟစ်ငိုကျွေးလေတော့ ဦးရှောင်းထွဋ်အနေဖြင့် မိမိ၏ဇနီးမယား မိမိ၏မဟေသာအား ကျောကလေး ခပ်ဖွဖွပုတ်လို့ ချော့မော့ပေးရသည်။

    "အဲ့သလိုကြီးလည်း တစ်သတ်မှတ်တည်း ပြောမရဘူးဗျ အတိတ်ကမေ့ချင်မေ့မယ် မမေ့ချင်မမေ့ဘူး ဒါကတော့ လူနာသတိရမှ ကျွန်တော်တို့ ဆုံးဖြတ်ပေးနိုင်မှာပါဗျ ဒါပေမယ့် နောက်ဆက်တွဲအကျိုးဆက်ကတော့ ရှိတယ်"

ဆရာဝန်၏ စကားကို မနှင်းဆီတို့ လင်မယားအပါအဝင် ဝမ်ကျိုးချန်နှင့် ဝမ်ရိပေါ်ကပါ ဂရုတစိုက်နှင့် နားထောင်သည်။

ရိပေါ်၏မျက်နှာမှာ မနှင်းဆီထက်စာရင် ဇီးရွက်လောက်သာ ရှိသည်။
ဤမျှ စိတ်နုနယ်သော ချာတိတ်ကလေးအလှည့်ကျမှ ဤသို့ ကံကြမ္မာဆိုးနှင်းကြုံလာရပေသည်။

ကံကြမ္မာဆိုသည့် အရာသာ အပြင်မှာ တကယ်ရှိခဲ့ရင် ရိပေါ်ပြေးရိုက်ပြီးတာကြာပေါ့..။

    "အန်တီနဲ့ဦးလေးခင်ဗျ..ကျွန်တော် အောက်ခဏဆင်းဦးမယ် မြို့ပေါ်ရောက်တုန်း အိမ်ကိုဖုန်းဆက်မလို့ဗျ"

     "သွားလေ ကျောင်းဆရာ"

ဦးလေးရှောင်းထွဋ်က ငို၍မပြီးသေးသော သူ့မဟေသီအစား ဝင်ဖြေလေသည်။
ရိပေါ်လည်းခွင့်ပြုချက်ရသည်နှင့် ဆေးရုံအောက်ထပ်မှ တယ်လီဖုန်းရှိရာသို့ ပြေးရသည်။

ရန်ကုန်ကနေ အညာသို့ လာစဉ်က ဖုန်းလိုင်းမမိဟု အသံကြားထား၍ မိမိ၏ဟန်းဖုန်းအား ထားခဲ့သောကြောင့် ယခုမူ အခက်တွေ့နေရခြင်းလည်း ဖြစ်ပေသည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now