အညာမြေမှတ်တမ်းEP-31 final
"ဒယ်ဒီ!!.."
ခရီးကနေ ရန်ကုန်ပြန်ရောက်လို့ သိပ်မကြာသေးခင်မှာပဲ အပြင်သို့ သူငယ်ချင်းတွေနှင့် အလည်သွားသည့် ကျန့်ကျန့်က အိမ်သို့ ဒေါသတကြီး ပြန်ရောက်လာသည်။
အိမ်ထဲမဝင်ခင် သူ့ဒယ်ဒီအား ဒေါသထွက်နေသည့် အသံဖြင့် အော်ခေါ်တော့ ကျူရှင်သင်နေသည့် ရိပေါ်က အိမ်ပေါက်ဝကို လည်မျှော်ကြည့်မိသည်။
"အီး ဟီး..မကောင်းတဲ့လူကြီး..ဒယ်ဒီအစုတ်ပလုတ်.."
ပိုက်ဆံအိတ်ဖြင့် ရိပေါ်အား ကောက်ပေါက်ရင်း အော်ငိုလာသည့် ကျန့်ကျန့်ကြောင့် ကျူရှင်ကလေးတွေက ကျန့်ကျန့်အား အထူးအဆန်းကြည့်လာကြသည်။
ရိပေါ်လည်း အခြေအနေ မဟန်မှန်းသိ၍ ကျူရှင်ကလေးများကို စာပေးခဲ့ကာ ကျန့်ကျန့်အား မီးဖိုချောင်ဘက်သို့ ခေါ်ထုတ်လာခဲ့သည်။
ထမင်းစားခန်းထဲ၌ ရေခဲမုန့်စားနေသည့် ဝမ်ဟောက်ရွမ်းလည်း အထဲသို့ ဝင်လာသည့် ညီဖြစ်သူနှင့်ကျန့်ကျန့်ကိုမြင်တော့ မျက်ဆံလည်ပြီးကြည့်လာသည်။
"ဘာဖြစ်လာတာတုန်း ချာတိတ်.."
"အီးဟီး..ဒယ်ဒီ..ရှောင်မိန်ခန့်ကို ဘာတွေ သွားပြောထားလဲ ဟမ်..ကျန့်ကျန့်ကို street break သွားတယ် ဟင့် ဟင့်.."
"ဘယ်လို..ဘယ်လို.."
ကျန့်ကျန့်ပြောတာကို နားမလည်သည့်အတွက် ရိပေါ် နှစ်ခါပြန်မေးတော့ လက်သီးသေးသေးလေးတွေက သူ့ရင်ဘက်ပေါ်သို့ ကျရောက်လာသည်။
"အီး..ဟီး..မိန်ခန့်က Street breakသွားပါတယ်ဆို..ဟင့်.."
"ကိုယ်က အဲ့ဒါကိုပဲ နားမလည်တာ ချာတိတ်က ဘာပြောချင်တာလဲ"
"ဟင့် ဟင့်..ဒယ်ဒီက ဉာဏ်လည်းမကောင်းဘူး..streetကဘာလဲ.."
ငိုသံလေးဆွတ်ကာ အတည်ပေါက်ကြီး ပြောလာသည့် ကျန့်ကျန့်ကြောင့် ရိပေါ်ခေါင်းတွေ ချာချာလည်ကုန်သည်။
တကယ်ပါလေ ခုခေတ်ကလေးတွေရဲ့ အိုင်ကျူက လိုက်မမှီနိုင်အောင် မြင့်လွန်းပါ၏..။
YOU ARE READING
အညာမြေမှတ်တမ်း (Complete) အညာမွမေှတျတမျး (Complete)
Fanfictionကျောင်းဆရာလေး ဝမ်ရိပေါ်ကို စပ်စလူးစိန်ဓာတ်ဗူးပိန် ရှောင်းကျန့်တစ်ယောက် ဘယ်လိုသမာဓိချွေသွားမလဲဆိုတာ ပုလဲဟန်ရွာလေးကို အလည်လာကြမှ သိနိုင်မှာနော့ အညာမြေက ဒီစိတ်ကူးယဉ်ရွာလေးကို ရောက်အောင်လာလည်ကြပါဦးဗျ အကြမ်းရေနဲ့ ထန်းလျက်ခဲချကျွေးပြီး ဧည့်ခံပါ့မယ်ဗျ ကြေ...