Part-23

1.3K 112 35
                                    


လှည်းကူးပညာရေးဒီဂရီကောလိပ်

"ဒါက မင်းဒယ်ဒီ ဆရာအတတ်သင် သင်တန်းတတ်တုန်းက တက်ခဲ့ရတဲ့ ကောလိပ်လေ သားငယ်လေးရဲ့"

ကားပေါ်ကနေ လှမ်းမြင်ရသည့် အစိမ်းအောက်ခံ အဖြူရောင်စာလုံးဖောက်နှင့် ကောလိပ်ဆိုင်းဘုတ်ကြီးကို ကျန့်ကျန့် အံ့ဩစွာ ငေးသည်။

"Double kill!"

ဘေးက ထွက်လာသည့် အသံကြောင့် လန့်ဖြန့်ကာ ကားထဲကို ပြန်လှည့်ကြည့်တော့ ဝမ်ဟောက်ရွမ်းက ဖုန်းကိုလက်ထဲ၌ အပီအပြင်ကိုင်ပြီး ဂိမ်းဆော့နေခြင်းဖြစ်ပါသည်။

"သားကြီးရယ်..အဲ့ဒီဂိမ်းက ဘယ်ချိန်ဆော့ဆော့ရတယ် ခုခရီးသွားတုန်းလေး ဖုန်းကို လက်ထဲက ခဏချထားစမ်းပါ"

"ဒီတစ်ပွဲပဲ မား"

ဒီတစ်ပွဲ ဒီတစ်ပွဲနဲ့တင် ဆယ်ပွဲလောက်ရှိတော့မည်ဖြစ်သည့် Mobile legend က ဟောက်ရွမ်းအပေါ် ဆွဲဆောင်မှု ပြင်းထန်လွန်းသည်။

"ပါးပါးကလည်းနော် ဆီကုန်အောင်လို့ ကွေ့ပတ်မောင်းနေသေးတယ် ခုခေတ်က ဆီဈေးတွေ ဘယ်လောက်ကြီးတယ်မှတ်သလဲ..0 mile ကနေ အမြန်လမ်းပေါ်တက်ပါဆို လှည်းကူးမြို့ထဲထိ ရအောင်ဝင်လာသေးတယ်"

"မင်းမားက သားငယ်ကို ဝမ်ငယ်တက်ခဲ့တဲ့ ကောလိပ်ပြချင်တယ်ဆိုလို့လေ..ဘယ်လောက်မှ ကြာတာမှမဟုတ်တာ သားကြီးရယ် မင်းလည်းတော်တော်လျှာရှည်တာပဲ"

ပါးပါးဆီမှ အပြောခံလိုက်ရတာကြောင့် ဟောက်ရွမ်း မကျေမနပ် နှုတ်ခမ်းကိုထော်ထားလိုက်သည်။

ယခုကျန့်ကျန့်တို့ကားလေးသည် ကျောက်ပန်းတောင်ကို သွားနေ၏..။
ကျန့်ကျန့်လည်း အတော်အသင့် နေပြန်ကောင်းနေပြီဖြစ်ရာ ကတိအတိုင်း ဝမ်မားမားက ကျောက်ပန်းတောင်းကို လိုက်ပို့ပေး၏..။

ဒါကို အလုပ်အားနေသော ဝမ်ဟောက်ရွမ်းက မရမက လိုက်မည်ဟုပူဆာကာ လိုက်လာခြင်းဖြစ်သော်လည်း ကားစထွက်သည့်အချိန်မှ ယခုအချိန်ထိ ဂိမ်းအဆော့မပျက်သေးပေ..။

ရိပေါ်ကတော့ ရန်ကုန်ရောက်တုန်း မဆုံရတာ ကြာပြီဖြစ်သည့် သူငယ်ချင်းများနှင့် ချိန်းထားတာရှိတာကြောင့် မလိုက်တော့ဘဲ အိမ်စောင့်အနေနှင့် ကျန်ခဲ့သည်။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now