Part-22

1.2K 119 23
                                    


"ယောက္ခမဂုဏော အနန္တောအရ မြို့သူတီတီကို လက်ဆယ်ဖြာထိပ်မိုးပြီး ရှိခိုးဦးချကန်တော့လိုက်ရပါတယ်ခင်ဗျား.."

ဆည်းလည်းလေးလို ချိုမြသည့် ကလေးငယ်၏ အသံက နားထဲစီးဝင်လာတော့ ‌မစံပယ် ဘယ်လိုမှ အာရုံမရတော့ဘဲ လက်ထဲမှ သတင်းကို ပိတ်လိုက်သည်။

တစ်ချိန်က ဒီလို စနောက်ဖူးသည့် ကလေးငယ်က လိုတာထက် စကားပိုမပြောသည်မှာ တစ်ပတ်မျှပင် ရှိချေပြီ..။

ပုလဲဟန်ရွာတစ်ရွာလုံး မီးရှို့အသတ်ခံလိုက်ရသည်ဆိုသည့် ဖုန်းဝင်လာတုန်းကတောင် သတိလစ်လဲကျသွားခဲ့သေးသည်ကိုတောင် သတိရသေး၏.. ။

မိဘစိတ်နဲ့ တမှိုင်မှိုင်တတွေတွေဖြစ်နေတဲ့ သားငယ်လေးကို အပြင်ခေါ်သွားဖို့ သားဝမ်ကို တောင်းဆိုခဲ့ဖူးပေမယ့် သားဝမ်က အလုပ်ရွှေ့ပြောင်းစာတင်ရဦးမည်ဟု အကြောင်းပြကာ ရှောင်လွှဲခဲ့ဖူးသည်။

"မား..ဘာတွေတွေးနေတာလဲ ဗိုက်ဆာနေပြီယို့.."

မကြီးမငယ်လာချွဲတဲ့ သားကြီးက တကယ် အမြင်ကပ်ဖို့ကောင်းပါသည်။
သားကြီးက သားငယ်နှင့် မတူဘဲ ကျန့်ကျန့်အပေါ် နူးညံ့စွာ ဆက်ဆံပေမယ့် သားငယ်က တစ်ခုခုကို ဖြေရှင်းရမှာ ကြောက်သလိုလို၊ ကျန့်ကျန့်နှင့် မျက်နှာချင်းဆိုင်ရမှာ ရှက်သလိုလိုနှင့် ယခုထိ ကျန့်ကျန့်နှင့် ကောင်းကောင်းပင် စကားမပြောရသေး..။

"ဗိုက်ဆာရင်ထည့်စားလေ သားရယ် မားဒီမှာ မအားတာသိရက်နဲ့"

"မားမအားဘူးဆိုတာ သတင်းစာဖတ်နေတာကိုပြောတာလား"

ဟောက်ရွမ်းမျက်စောင်းထိုးကာ မေးတော့ ဝမ်မားမားက ပြန်၍ပင် မျက်စောင်းထိုးသည်။

"ဟိုကောင်လေးက ခုထိမထသေးတာလားမား..သူများအိမ်များနေပြီး ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး နေဖင်ထိုးမှ ထမှာလား"

"‌ဟဲ့..ဟောက်ရွမ်း..နင်..စကားပြောဆင်ခြင်စမ်း..ငါ့လက်ထဲမှာ ဘာတွေ့လဲ ရီမုနော် ရီမု ကောက်ပေါက်လိုက်ရင် နာသွားမယ် ဘာမှတ်လဲ"

မားမားက တီဗွီရီမုကြီး ထောင်ပြကာ ခြိမ်းခြောက်တော့ ဟောက်ရွမ်း ဇက်ကလေးပုကာ ထမင်းစားခန်းထဲ ဝင်သွားသည်။
ထိုအခါမှ စံပယ်ဖြူတစ်ယောက် သက်မမောကိုချပြီး ဖတ်လက်စ သတင်းစာကို ဆက်ဖတ်၏..။
သို့ပေမယ့် စိတ်အာရုံက သတင်းစာထဲ၌ မရှိ..။
ကွယ်လွန်သွားပြီဖြစ်သည့် သူငယ်ချင်းဖြစ်သူ ရွှေနှင်းဆီအကြောင်းသာ ထပ်ကာထပ်ကာ တွေးရင်း ဝမ်းနည်းမဆုံးရှိလှ၏..။

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now