Part-13

1K 94 76
                                    


Unicode

"ရွှေနှင်းဆီရယ် ငြိမ်ငြိမ်နေစမ်းပါ မျက်စိနောက်လာပြီ.."

"အို..တော့်သားပြန်မလာသေးလို့ပါတော် ကျုပ်က ဟိုတစ်ခါကလို ဖြစ်မှာစိုးလို့တော့်"

ဒေါ်ရွှေနှင်းဆီ အိမ်ရှေ့၌ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ခြံတံခါးဝသို့ လည်တဆန့်ဆန့်ရှိလှ၏..။

သူမသားမှာ ယခုအချိန်ထိ ပြန်မလာသေး၍ မည်သည့်နေရာများ၍ သဝေထိုးနေမှန်းမသိ..။
သက်ပြင်းမောကို အထပ်အထပ်အခါခါချရင်း သားတော်မောင်ပြန်လာမည့်အချိန်အား စောင့်ရသည်မှာ မိမိယောက်ျား အိမ်ပြန်မလာသေး၍ စောင့်ရတာထက်ပင်ပို၍ စိတ်ပူရပေသည်။

"မင်း သားက အမှတ်မရှိဘူးပဲ မနှင်းဆီ.. ဟိုတစ်ခါ ဓားပြတိုက်ခံရတုန်းကကိစ္စကို ပေါ့သေးသေးမှတ်ထားပုံပဲ..မင်းကရော ဘာလို့ သူအပြင်သွားတဲ့ကိစ္စမတားရတာတုန်း.."

"ဒီမယ်..ကျုပ်ချည်းပဲ အပြစ်မတင်နဲ့ကိုရှောင်းထွဋ်..တော်ကရော တစ်နေကုန် အလုပ်မရှိအလုပ်ရှာပြီး သူများလယ်မှာ စာရင်းငှားလိုက်လုပ်နေတာကျတော့ရော.."

"ဟ..ကျုပ်က ပိုက်ဆံမယူဘဲ အလကားအလုပ်လုပ်ပေးတာကွ ကုသိုလ်ရတယ်.."

"အို..ကျုပ် တော်နဲ့စကားမပြောချင်ဘူး.."

ဒေါ်ရွှေနှင်းဆီ သူမယောကျာ်းကို မျက်စောင်းထိုးပြီး တစ်ဖက်သို့ လွှဲသွားသည်။ ယခုအချိန်မှာ သူမသားကို စိတ်ပူနေ၍ ယောကျာ်းဖြစ်သူနှင့် ဖက်ပြိုင်မပြောချင်ပေ..။

အတော်အတန် တိတ်ဆိတ်သွားပြီးနောက် မနှင်းဆီတို့ အိမ်လေးမှာ ဂီတာသံ တစ်ဒေါင်ဒေါင်တဒင်ဒင်ထွက်လာသည်။
မနှင်းဆီတအံ့တဩလှည့်ကြည့်တော့ ကိုရှောင်းထွဋ်က ဂီတာလေးကို ပိုင်နိုင်စွာတီးခတ်ရင်း

"🎼🎵🎶ပန်းကလေးလို လှနေတာပဲတွေ့ချင်ပါသည်..
ပန်းကလေးလို ညှိုးမှာကိုလည်း စိုးရိမ်မိသည်..
ပန်းကလေးလို လှနေတာပဲတွေ့ချင်ပါသည်..
ပန်းကလေးလို ညှိုးမှာကိုလည်း စိုးရိမ်မိသည်..
မခင်နှင်းဆီ..မခင်နှင်းဆီ..လှစမ်းပါပန်းလောက်.. စောင့်ကြည့်ချင်သည်..
နောင်တော့သာ အလိုမကျရင် ဪ..မင်းဘဝအတွက်ပဲ..တွေးကာပူမိသည်..🎼🎶🎶"

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now