Part-7

1.1K 97 13
                                    

Unicode

     "🎼ဆရာလေးကိုပဲ အသည်းစွဲအောင် ချစ်မိပြီ🎶"

ဘယ်ချောင်က ထုတ်လာမှန်းမသိသည့် ဂစ်တာတစ်လက်နှင့် ဝရံတာမှာ ထိုသီချင်းစာသားတစ်ကြောင်းကိုသာ ထပ်တလဲလဲဆိုနေသည့် သားကို ဒေါ်ရွှေနှင်းဆီ သတိပြုမိလာသည်..။

အရင်က သီချင်းဆိုရတာ မကြိုက်သည့်သားက ထူးထူးဆန်းဆန်း သီချင်းတွေ ထဆိုနေတော့ ဒေါ်ရွှေနှင်းဆီ သူမသားကို မသင်္ကာပါချေ..။

ပက်လက်ကုလားထိုင်နှင့် ဝတ္ထုစာအုပ်ဖတ်နေသည့် သားအဖေကလည်း ဝရံတာမှ အသံကို နားစွင့်ရင်း သားကို အကဲခတ်နေဟန်ရှိသည်..။

သူတို့သားက ယခုနောက်ပိုင်းပြောင်းလဲလာသည်။
အရင်လို ရှေ့ဆံပင်ကို စုစည်းမထားတော့ဘဲ ဆီလိမ်းကာ သပ်သပ်ရပ်ရပ် ရှေ့သို့ ခပ်အုပ်အုပ်ချထားသည်။

အရင်က ကလေးလိုလို ခွေးလိုလို ပုဆိုးကွင်းသိုင်းတတ်သည့်သားက ရှပ်အင်္ကျီ နှင့် မြို့က ဝယ်ထားသည့် ဂျေဂျေဘောင်းဘီကိုသာ ဝတ်လာသည်။

လူကြီးရုပ်မပေါက်ပေသော်ငြားလည်း အရွယ်ရောက်လာသော ကလေးတစ်ယောက်နှင့် တူလာပေသည်။

ယခုလည်း ထူးထူးဆန်းဆန်း ဂစ်တာတီး၍ သီချင်းဆိုနေသောကြောင့် လင်မယားနှစ်ယောက်လုံး ကိုယ်စီအတွေးဖြင့် ဆိတ်ငြိမ်လျက်ရှိသည်။

   "🎼ဆရာလေးကိုပဲ အသည်းစွဲအောင် ချစ်မိပြီ🎶

ထပ်မံထွက်ပေါ်လာသော သီချင်းသံကြောင့် သားအဖေက လက်ဖျောက်တစ်ချက်တီး၍

   "မင်း သား ရည်းစားရနေတာ ဖြစ်မယ်"

  "ပေါက်ကရတော်..သူ့လိုလူကို ဘယ်မိန်းကလေးက ကြိုက်မှာလဲ"

ဒေါ်ရွှေနှင်းဆီက အားတက်သရော ပြန်ပြောသည်။ သူမသားလို အစအနောက် သန်သည့် ယောကျာ်းလေးတစ်ယောက်ကို ဘယ်သူက ကြိုက်မလဲလို့...။

   "မင်းကလည်းကွာ..သားက ရွာကျောင်းက ဆရာမ တစ်ယောက်ယောက်ကို ကြိုက်နေတာနေမှာပေါ့"

    "မဟုတ်မှ.. ဆရာမမြသဇင်များလား ဆရာမလေးက ‌ချစ်စရာလေးရယ် ယဉ်ယဉ်လေးနဲ့ သိမ်မွေ့တယ်တော့် ချွေးမတော်ရမယ်ဆိုလည်း ကျွန်မ ကန့်ကွက်စရာ မရှိဘူးနော် ကိုရှောင်း.."

အညာမြေမှတ်တမ်း (Complete)  အညာမွမေှတျတမျး (Complete)Where stories live. Discover now