"အားးးးးး!"
ယမင်းဖြူ၏ အသံနက်ကြီးက ပုလဲဟန်ရွာကို လွှမ်းခြုံသွားခဲ့သည်..။ ဝူးဝူးဝါးဝါးအော်ဟစ်နေသည့် ယမင်းဖြူက သူ့ပါးစပ်ထဲမှ သွေးတွေ ထွက်ကျလာတာကို တအံ့တဩကြည့်နေခဲ့သည်။
ဓားပြကြီး ရဂုံကျော်က သွေးတွေစွန်းပေသွားသည့် သူ့ဓားမြှောင်လေးကို အင်္ကျီစနဲ့ သုတ်လိုက်ကာ..
"မုသားပြောတဲ့ လူတိုင်း ဒီလိုပဲ အဆုံးသတ်ရမယ်"
ရဂုံကျော်က သူ့ဓားမြှောင်ကို သုတ်ရင်း ပြောသည်။ မုသားပြောသည့်သူတိုင်းတဲ့...။
ကျန့်ကျန့် ရိပေါ်ကို ချစ်တယ်ဆိုတဲ့ အကြောင်း ဖွင့်တောင်မပြောရသေးဘဲ ရိပေါ်၏အမေကို ကျန့်ကျန့်နှင့် ရိပေါ်က ချစ်သူတွေပါလို့ လိမ်ညာလိုက်မိတာ..။ဒါဆို..။ဒါဆို ကျန့်ကျန့်ကရော..။
ကျန့်ကျန့်ကရော ယမင်းဖြူလို အဆုံးသတ်မှာလား..။
ဟင့်အင်း..။ ဟင့်အင်း..။ အဲ့လို မဖြစ်စေရဘူး..။ ကျန့်ကျန့်က ရိပေါ်ရဲ့ ငွေတွေကို မက်မောလို့ ရိပေါ်ကို ချစ်တာမှ မဟုတ်ဘဲ..။ကျန့်ကျန့်ချစ်တာက ရိပေါ်မလို့..။ ရိပေါ်ဆိုတဲ့ နာမ်ဝိဉာဉ်လေးမလို့..။
ကျန့်ကျန့် သူ့အတွေးနှင့်သူ ခေါင်းကို ယမ်းခါပစ်လိုက်သည်။ ကြောက်ရွံ့နေပေမယ့် ရှေ့မှ ဝူးဝူးဝါးဝါးဖြစ်နေသည့် ယမင်းဖြူအား တစ်ချက် ရဲရဲကြီးစိုက်ကြည့်လိုက်သေး၏..။
ယမင်းဖြူ၏ ပါးစပ်ထဲမှ ထွက်သည့်သွေးတွေက ယမင်းဖြူဝတ်ထားသည့် ပန်းနုရောင် ရင်ဖုံးအင်္ကျီပေါ်၌ပင် စွန်းပေနေသည်။
ကျန့်ကျန့် ဒီကနေ့ည၏ သတို့သားနှင့် သတို့သမီးဖြစ်သော စန္ဒာနှင့် စန္ဒာယောကျာ်းကိုလည်း ဝေ့ဝဲပြီး ရှာကြည့်သေးသည်။
စန္ဒာတို့ လင်မယားနှစ်ယောက်ကတော့ နှစ်ထပ်အိမ်ကြီးပေါ်ကနေ မဆင်းဘဲ အပြင်ကို စိုးရိမ်တကြီး လှမ်းကြည့်နေရှာသည်။"ရဂုံကျော်! နင့်ကို လွန်မလာနဲ့လို့ ငါသတိပေးထားတယ်လေ!"
"မောင့်နှင်းဆီလေးကလည်းဗျာ..မောင်အစကတည်းက ပြောပြီးသားပါ..နှင်းဆီလေးသာ မောင်နဲ့လိုက်ခဲ့ဖို့ ခေါင်းတစ်ချက်ညိတ်ကြည့်..မောင်အားလုံးကို လွှတ်ပေးမှာ.."
YOU ARE READING
အညာမြေမှတ်တမ်း (Complete) အညာမွမေှတျတမျး (Complete)
Fiksi Penggemarကျောင်းဆရာလေး ဝမ်ရိပေါ်ကို စပ်စလူးစိန်ဓာတ်ဗူးပိန် ရှောင်းကျန့်တစ်ယောက် ဘယ်လိုသမာဓိချွေသွားမလဲဆိုတာ ပုလဲဟန်ရွာလေးကို အလည်လာကြမှ သိနိုင်မှာနော့ အညာမြေက ဒီစိတ်ကူးယဉ်ရွာလေးကို ရောက်အောင်လာလည်ကြပါဦးဗျ အကြမ်းရေနဲ့ ထန်းလျက်ခဲချကျွေးပြီး ဧည့်ခံပါ့မယ်ဗျ ကြေ...