Unicode
10ရက်နေ့ ၇လပိုင်း..
"မင်းပြောတော့ ငါ့ကိုထပ်မညာပါဘူးဆို..
ဟမ်..
ခုမင်းနဲ့ငါ ပြီးသွားပြီ
ဘယ်တော့မှ ထပ်တွေ့စရာအကြောင်း မရှိတော့ဘူး ကျန့်
ငါ့မှာ ချစ်ရတဲ့ကောင်မလေး ရှိတယ် ငါတောင်းပန်ပါတယ်
ငါမင်းနဲ့ ခင်မင်မှုမဝေးချင်လို့ မင်းရဲ့ပထမ လိမ်ညာတာကိုတောင်ခွင့်လွှတ်ပြီး ပြန်လက်ခံခဲ့တာ မင်းက ထပ်ညာတယ်
ငါမင်းနဲ့အဝေးဆုံးကို ထွက်သွားပါရစေ
တောင်းပန်ပါတယ် ကျန့် ငါတို့တစ်သက်လုံး မတွေ့ကြရအောင်.."မိမိရှေ့မှ ဒေါသတကြီး ပေါက်ကွဲစွာ ပြောချင်ရာပြော၍ ထွက်သွားသော ချစ်ရသူကြောင့် ကျန့်ကျန့် ထန်းတောထဲ၌ ကြောင်တောင်တောင်လေး ရပ်၍ ကျန်ခဲ့သည်။
မိမိ ဆေးရုံမှ ဆင်းလာသည်က တစ်ပတ်မျှပင်ရှိသေးသော်လည်း ရွာရိုးကိုးပေါက်လျှောက်သွားလို့ရသည်အထိ နေကောင်းနေပြီ ဖြစ်သည်။
ယနေ့ မနက်စောစောကတည်းက အဖေနဲ့အမေမသိအောင် ထန်းတောထဲလစ်ထွက်လာတော့ ရှေ့မှာ ကြိုစောင့်နေသည့် ဒယ်ဒီကိုတွေ့တာနှင့် နှုတ်ဆက်ဖို့ အသွားမှာ ဤသို့ဆက်ဆံခံလိုက်ရခြင်းဖြစ်သည်။
နေပြောက်ထိုးနေသည့် ထန်းလက်တွေအောက်မှာ သူ၏တောင့်ခဲနေသည့် ခန္ဓာကိုယ်လေးက နေရာယူလို့ရယ်..။
"ဗျာ..မ..မဟုတ်..ဒါက ပြီးသွားပြီလား..ဒါက အိပ်မက်လား..ဒါက တကယ်မဟုတ်ဘူးလား..ဒယ်..ဒယ်ဒီ..ခင်..ခင်ဗျား ဘာတွေပြောသွားတာလဲ"
အသိစိတ်လွတ်နေသည့် မိမိ၏ ခန္ဓာကိုယ်ကို သတိဖြင့်ကပ်ရင်း တစ်ယောက်တည်း ယောင်ချာချာ လည်နေသည်။
"တကယ်မတွေ့ကြကြေးလား.."
သူ့ဆီမှ တိုးတိတ်စွာ အသံထွက်လာသည်။
နေရာမှာတင်ပုံလဲကျသွားသော သူ့ခန္ဓာကိုယ်နှင့်အတူ ဘယ်တွေဖြစ်ကုန်သလဲဆိုတာ memory ပြန်ရှာသည်။နောက်တော့ မဖြစ်နိုင်ဘူးဟူသော အဖြေတစ်ခုရလိုက်သည်။
ချစ်ခဲ့မိတဲ့ အတ္တတစ်ခုကြောင့်ပါ..။
သူ့ရင်ဘတ်ထဲမှာ အရမ်းနာကျင်နေသော်လည်း မျက်လုံးအိမ်မှ မျက်ရည်တစ်ပေါက်မှ မထွက်ဘဲရှိ၏..။
YOU ARE READING
အညာမြေမှတ်တမ်း (Complete) အညာမွမေှတျတမျး (Complete)
Fanficကျောင်းဆရာလေး ဝမ်ရိပေါ်ကို စပ်စလူးစိန်ဓာတ်ဗူးပိန် ရှောင်းကျန့်တစ်ယောက် ဘယ်လိုသမာဓိချွေသွားမလဲဆိုတာ ပုလဲဟန်ရွာလေးကို အလည်လာကြမှ သိနိုင်မှာနော့ အညာမြေက ဒီစိတ်ကူးယဉ်ရွာလေးကို ရောက်အောင်လာလည်ကြပါဦးဗျ အကြမ်းရေနဲ့ ထန်းလျက်ခဲချကျွေးပြီး ဧည့်ခံပါ့မယ်ဗျ ကြေ...