Arc-2.3

267 35 15
                                    

2.3

ငြိမ်းချမ်းရေးပွဲကျင်းပမည့်မြို့တော်ကိုရောက်ရန် နာရီပိုင်းသာလိုတော့သည်။

"ဟမ်းဟမ်း...မင်းတို့တွေကလေခုချိန်ကြတော့ငြိမ်နေပြီး လူကြားသူကြားရောက်ရင် ကမျင်းကြောထကြ သိလားသိလား ဟမ့် အမျိုးတစ်ဝက်ယုတ်လေးတွေ!"

အာခိရိုက အာကာသယာဥ်ပျံကြီးပေါ်မှာ လုပ်စရာမရှိ၍ ဗိုက်ထဲကအကောင်ပေါက်တွေကိုကျိမ်းမောင်းနေသည်။ ခုသူ့မားမားနဲ့ပါးပါးမရှိတော့ သူလွတ်လပ်စွာပြောချင်ရာပြောလို့ရသည်။

ဒီကလေးတွေရှိမှန်းသိတုန်းက သူရှော့ရသွားတာတော့အမှန်ပင်။ ဒါပေမဲ့အကြိမ်များစွာစစ်ဆေးပြီးရလဒ်ကဒါပဲထွက်လာတော့ သူ့ရဲ့တုန်လှုပ်မှုကအနည်းငယ်အနည်ထိုင်သွားသည်။

ဒီကောင်လေးတွေစရောက်လာလောက်တဲ့အချိန်ကိုခန့်မှန်းရရင် သူလုပ်ကြံခံရတဲ့အချိန်ဖြစ်သည်။ အဲ့တုန်းကသူရေခဲတွေထူထပ်နေတဲ့ဂြိုဟ်တစ်ခုပေါ်ယာဥ်ပျံပျက်ကျခဲ့၏။

ပြီးတော့ ရန်သူဘက်ကဖန်တီးထားတဲ့အတုအယောင်omega pheromone ကြောင့်သူ Rut ဝင်သွားခဲ့သည်။

ဂူတစ်ခုထဲဝင်ပြီး သက်သာမဲ့အချိန်ကိုစောင့်နေတုန်း လူတစ်ယောက်ကဝင်လာခဲ့သည်။ omega အနံ့သင်းသင်းစွဲနေတဲ့ထိုလူကိုခုန်အုပ်မိတာသူဆိုပေမဲ့ အဲ့လူကသူ့ကိုပြန်ခုန်အုပ်သွားပြီး ၇ရက်နီးနီးအလုပ်ခံခဲ့ရတယ်လေ။

တွေးလေတွေးလေဒေါသထွက်လေပဲ။ ကိုယ်ဝန်ရှိမှန်းသိတော့ Alphaဖြစ်ရက်နဲ့ကိုယ်ဝန်ဆောင်နိုင်တာကြောင့်တုန်လှုပ်နေမဲ့အစား သူ့ကိုခုန်အုပ်သွားတဲ့ကောင်ကိုသာအသေရိုက်သတ်ချင်သည်။

ကံဆိုးလွန်းတဲ့သူက အခုန်အုပ်လည်းခံခဲ့ရတယ်။ ခုန်အုပ်တဲ့သူကဘယ်သူမှန်းလည်းမသိ။ ဒါမို့ဗိုက်ထဲက အကောင်ပေါက်တွေကိုပဲ မဲကာအနိုင်ကျင့်နေရ၏။

သူသယ်ဆောင်ရေးယာဥ်ပျံပေါ်ကဆင်းတဲ့အခါမှာ သူ့ကိုတွေ့ကြတဲ့လူတိုင်းက ထူးဆန်းသလိုလို၊ သရော်သလိုလိုအကြည့်ဖြင့်ကြည့်နေကြတာတွေ့လိုက်ရ၏။ ဗိုက်ကိုစူးစိုက်ကြည့်နေတဲ့အကြည့်တွေကလူကိုတောင်ထိုးဖောက်မတတ်ပင်။ နန်းတော်ထဲမှာတော့သူလျှိုရှိနေတာသေချာပြီ။ ဒီကိစ္စအပြင်ကိုမကြေငြာခဲ့ပေမဲ့အားလုံးနီးပါးကသိနေကြပြီ။ ကလေးအတိအကျဘယ်လောက်ရှိတာမသိသည်ကိုပဲကျေးဇူးတင်ရမည်။

I am A System 30 (series-2) Arc-2Where stories live. Discover now