Arc-2.7

226 25 31
                                    

2.7

"တွေ့ရတာဝမ်းသာပါတယ် မင်းသားလေးတို့"
ရိခုကနှုတ်ဆက်လိုက်သည်။

အခုလေးတင်မှမိဘတွေကသူတို့ကိုထားခဲ့သွားတာမို့စိတ်အခြေနေမကောင်းတဲ့၃ယောက်ကတစ်ချက်သာကြည့်ပြီးဆူပုတ်ပုတ်နဲ့မျက်နှာလွှဲသွားသည်။

"ဒီစည်းမျဥ်းတွေဖတ်ပြပါ့မယ်နော်...
1.မနက်၇နာရီထပြီး၉နာရီအမှီစာသင်ခန်းသွားဖို့ပြင်ဆင်ရပါမယ်...
2.မနက်စာနေ့လည်စာညစာကိုပုံမှန်စားရပါမယ်...
3.ညအိပ်ကာနီးကြရင်နို့ဗူးကိုအစားထိုးသုံးကြည့်ပါ
4.ဂိမ်းကိုတစ်ရက်၃နာရီသာဆော့ခွင့်ရှိပါတယ်...
5.ပိတ်ရက်တွေမှာအားကစားလုပ်ရပါမယ်
6.အားကစားအသင်းတစ်ခုရဲ့အဖွဲ့ဝင်ရပါမယ်...
7.စစ်ရေးလေ့ကျင့်ရေးမှန်မှန်သွားပါ
8.ည၁၀နာရီမှာအိပ်ရာဝင်ပါ
လိုအပ်တဲ့အချက်တွေကိုသတိရရင်ထပ်ဖြည့်ပေးမယ်လို့ ဧကရာဇ်ကမှာကြားထားပါတယ်"

ယူအိက 'သူကတော့ငါတို့ကိုဒယ်ဒီမရှိတုန်းအနိုင်ကျင့်ဖို့လူတစ်ယောက်လွှတ်ထားပြီ'

ယူတ 'ဒယ်ဒီကိုသွားမပြောနဲ့သူကမာမီ့ကိုကြောက်တယ်'

ယူဘိ 'ဒယ်ဒီကပြောတယ် အဲ့ဒါချစ်တာတဲ့'

"မေးစရာများရှိပါသေးသလားခင်ဗျ"

ယူအိကမေးလိုက်သည်။
"အကယ်၍စဥ်းမျဥ်းတစ်ခုချိုးဖောက်မိရင်ဘာဖြစ်နိုင်မလဲ"

"ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ အပြစ်ပေးလို့ရပါတယ်"

ယူတကမျက်မှောင်ကြုတ်ပြီး။
"အကယ်၍အကုန်လိုင်နာနိုင်ခဲ့ရင်"

"ကျွန်တော့်ဆီကနေတောင်းဆိုချင်တာတောင်းဆိုလို့ရပါတယ်...ကျွန်တော်မျိုးမတတ်နိုင်တဲ့ကိစ္စမှဧကရာဇ်ကိုလျှောက်တင်ရမှာပါ"
ရိခုကရိုးသားစွာဖြေသည်။

ယူဘိကကောက်ကျစ်စွာပြုံးလိုက်၏။

"အခုကန်တင်းသွားရအောင်"
အငယ်၂ယောက်ကတံခါးခေါက်လာပြီမို့သူတို့၃ယောက်တန်းစီထွက်လာပြီး ကန်တင်းသို့ချီတက်ကြတော့သည်။

မနက်စာစားပြီးတဲ့အခါ အငယ်၂ယောက်ကိုသူတို့စာသင်ခန်း G-3(B-O)အခန်းကိုပို့ပေးလိုက်ပြီး သူတို့ကိုယ်တိုင်လည်း G-5(Alpha)အဆောင်ကိုသွားရသည်။

I am A System 30 (series-2) Arc-2Where stories live. Discover now