Arc 2.12
ဂျွန်ကနီရဲသောမျက်ဝန်းများဖြင့်သာနေရာမှာကျန်ရစ်ခဲ့သည်။ ငယ်စဥ်ကအကန့်အသတ်မရှိအလိုလိုက်ခံရတဲ့သူဟာ တစ်နေ့မှာ ရွယ်တူဇာဂ့်ရဲ့ကိုအနိုင်ကျင့်ရန်မိသားစုအာဏာသုံးခဲ့သည်။ သူ့ကိုလူတိုင်းကအလိုလိုက်သည်မို့သူပြောတဲ့အတိုင်းလုပ်ပေးခဲ့သည်၊ သူ့ကိုကြည့်မရရင်တောင်မလွန်ဆန်နိုင်ကြပေ။
ဒါကိုအကြီးဆုံးအကိုကသိသည့်အခါ မိသားစုဝင်တွေနှင့်အစေခံတွေအရှေ့မှာပင်သူ့ကိုရိုက်ခဲ့သည်။ ထို့အပြင်သူ့ကိုတစ်ပတ်တိတိအစာမကျွေးရေမတိုက်ပဲဒူးထောက်အပြစ်ပေးလေသည်။ ဆုကီသာငိုပြီးမတောင်းဆိုရင်အကိုကြီးကအဖေနဲ့ဖေဖေပြန်လာတဲ့အထိထိုသို့ထားလောက်သည်။ အဖေနဲ့ဖေဖေကပြန်လာတဲ့အခါဒီအကြောင်းသိသွားကြပေမဲ့အကိုကြီးကိုအပြစ်မတင်ခဲ့ဘဲ'အငယ်ဆုံးကိုညှာတာရမယ်လေ မင်းရဲ့ဆုကီမျက်ရည်ကျသွားတာကိုပျော်လိုလား'ဟူ၍တစ်ခွန်းသာဆူပူခဲ့သည်။
အကိုအကြီးဆုံးက 'မင်းသာစစ်သူကြီးအဆင့်အနေနဲ့မမွေးဖွားလာခဲ့ရင်အပိုလူပဲ မင်းကပျော့ညံ့လွန်းတုံးကလွန်းတဲ့အပြင် အခြားသူရဲ့အကူညီယူချင်လွန်းတဲ့စိတ်ကိုပြင်' ဟုသူ့ကိုအမြဲတမ်းပြောလေ့ရှိသည်။
သူတို့မိသားစုမှာအာဏာအရှိဆုံးကတော့ဆုကီပါပဲ။ အကိုကြီးဘယ်လောက်တင်းကြပ်ပါစေ'ဆုကီ'ကတောင်းဆိုရင်လျော့ပေါ့ပေးလိမ့်မည်။ အဖေတွေရဲ့အခြားဇနီးတွေအခြားသားတွေကဆုကီလိုတရားဝင်ရာထူးခန့်အပ်ခြင်းမခံရတဲ့ဇနီးကိုအထင်သေးသည်။ ဒါပေမဲ့အကိုကြီးဗိုက်ထဲကထွက်လာထဲကသူတို့တွေဆုကီကိုအပြစ်မပြုရဲကြတော့ပေ။ သန်မာလွန်းတဲ့စိတ်စွမ်းအားကသူတို့ကိုခြေမွပြစ်နိုင်တယ်။
"အကိုကြီး"
သူ့အဖေတွေကိုအပြစ်ပြုမိမှာထက် သူ့အကိုကြီးကိုအပြစ်ပြုမိမှာပို၍စိုးသည်။ အဖေနဲ့ဖေဖေကသူငိုပြလိုက်တာနဲ့အပြစ်မပေးရက်တော့ပေ။ အဆိုးဆုံးအနေဖြင့်တစ်ရက်ခန့်သာဒူးထောက်ခိုင်းလိမ့်မည်။ အကိုကြီးကသူမျက်ရည်ကျလည်းမထုံတတ်တေးဖြင့် ကြာပွတ်ဖြင့်ရိုက်လိမ့်မည်။ ဆုကီသိမှာစိုး၍ကြမ်းကြမ်းမရိုက်ဘဲ ရိုက်ပြီးလျှင်လည်းအမြန်ဆုံးကုသပေးသည်။
(မျက်ရည်ခနခနကျရတဲ့အကြောင်းအရင်းကဒါကြောင့်ကို..ငိုရင်အကုန်ရတဲ့သူဆိုတော့..အမေတူသားတော့ပီသတယ်)

YOU ARE READING
I am A System 30 (series-2) Arc-2
Fiksi RemajaU ဘာမှန်းမသိတဲ့အပြစ်တွေကြောင့်hostပေါင်းများစွာနှင့်ကိုယ်တွယ်လက်တွဲနေရ သည့်system30 အမြဲကလိန်ကကျစ်ကျလွန်းလို့မှတ်ဉာဏ်အဖျက်ခံထားရသည့်host Mature onထားပါတယ်နော် .... ×ကျွန်တော်တို့က တစ်ယောက်ထဲအပေါ်မှာသစ္စာရှိပါမယ်... ×သူကလွဲပြီးတခြားသူထိလို့မရတာဘာကြော...