Arc-2.8

203 22 4
                                    

2.8

တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးပြီးနောက်မှာ သူတို့၃ယောက်သာ ရိခုရဲ့စောင့်ရှောက်မှုအောက်တွင်ခုထက်ထိအဆီတဝင်းဝင်းရှိဆဲပေ။ အတန်းပိုင်ဆရာကတော့သူတို့၃ယောက်ကိုကြည့်ရတာကန့်လန့်ဖြစ်နေမှာသေချာသည်။

၃လလုံးလေ့ကျင့်အပြီး တခြားဆယ်​ကျော်သက်Alphaလေးတွေကခန္ဓာကိုယ်ဖွံ့ဖြိုးလာကြပြီး အချို့ဆိုကြွက်သားရေးရေးပင်ရှိလာကြပြီ။ သူတို့ကတော့..အင်း..အဆီရေးရေးလေးတွေနှင့်ပင်။

ဆရာကစိတ်မထိန်းနိုင်တဲ့အဆုံးသူတို့ရဲ့သရေစာတွေအကုန်သိမ်းသွားလေသည်။ နောက်ဝိတ်ကျစေရန်ပိုပြီးလေ့ကျင့်ခန်းလုပ်ရတော့သည်။ ဒါပေမဲ့အဆီတွေကမလျော့တဲ့အပြင်ပိုတိုးလာတာမို့ဆရာခမျာစိတ်ညစ်လွန်ပြီးလွတ်ထားလိုက်တော့၏။

မနက်ဖြန်ရောက်လျှင်တစ်လတစ်ကြိမ်အခန်းပြောင်းစစ်ဆေးခြင်းစလေပြီ။ ခန္ဓာကိုယ်အရွယ်အစားကြောင့်သူတို့တွေ အခန်း၇ကိုတစ်ကြိမ်ရောက်ဖူးသွားသည်။ သို့ပေမဲ့နောက်လတွေမှာစစ်ဆေးတဲ့စာပေစစ်ဆေးခြင်း၊စတဲ့မျှတတဲစစ်ဆေးခြင်းတွေကြောင့် G-5 ( Alpha )ရဲ့ အခန်း၁ကိုပြန်ရောက်သွားသည်။

အခုလည်းသူတို့ကအခန်း၁မှာပဲလေ ဒီတစ်လကသူတို့သားရဲပုံစံနဲ့တိုက်ခိုက်ရမဟုကြိုတင်ပြောကြားထားသည်။ ကျောင်းသားတွေကသူတို့ရဲ့သားရဲပုံစံကိုအခုထက်ထိလူရှေ့မှာထုတ်မပြရသေးပေ။

"ငါတို့ရဲ့သားရဲပုံစံကိုထုတ်ပြရတော့မှာပေါ့" ယူဘိကညည်းညူလေသည်။

"ငါတော့မပြချင်ဘူး" ယူတကဆိုသည်။

"အင်း" ယူအိကအသံပြုသည်။

၃ယောက်သားစိတ်ဓာတ်ကျမိသည်။ သူတို့ရဲ့သားရဲကိုထုတ်မပြချင်ပေ။

ရိခုကသူတို့အခန်းထဲဝင်လာကာသူတို့အတွက်အိပ်ယာပြင်ပေးနေ၏။

"သခင်လေးတို့အိပ်ယာအသင့်ပါပဲ"
ရိခုကပြောသည်။

ယူအိမှစကာ"ငါတို့နဲ့အိပ်ပေး..."
ကျန်အမွှာ၂ယောက်ကလည်း အသာအယာခေါင်းညိတ်သည်။ စိတ်ညစ်နေ၍ပွေ့ဖက်မှုလိုသည်။ သူတို့မာမီရဲ့ပွေ့ဖက်တာကိုမရတာကြာပြီမို့မာမီလိုမျိုးမိခင်တယောက်ဆီကနေပွေ့ဖက်တာကိုလိုချင်သည်။ ရိခုကတော့သူတို့ရဲ့အကောင်းဆုံးရွေးချယ်မှုပင်။

I am A System 30 (series-2) Arc-2Where stories live. Discover now