Arc-2.11

138 22 4
                                    

မဂ်လာပွဲကအနှောင့်အယှက်မရှိပြီးဆုံးသွားသည်။

မူမမှန်တဲ့သားအဖတွေကြောင့်အာခိရိုတစ်ခုခုဖြစ်မှန်းသိလိုက်သည်။ သူအပြေးလိုက်သွားတော့ mecha နှင့်ထွက်သွားကြောင်းသိလိုက်ရ၏။ သူ့ကလေး၃ယောက်ပေါ်ကခြေရာခံစက်ကြောင့်သိမ်နှုတ်လှတဲ့ဂြိုဟ်တစ်ခုပေါ်ရှိ ခေတ်မှီယာဥ်တစ်စီးကိုတွေ့လိုက်ရပေတယ်။

ဘာမှမစဥ်းစားနေဘဲ အလောတကြီးပြေးကာဝင်ပေါက်ကိုကန်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ကအကာအကွယ်ကြောင့်သူကOxygen 0ဖြစ်နေတဲ့နေရာမှာပင်လှုပ်ရှားနိုင်တယ်ဆိုသော်လည်း တခြားသူတွေကမဟုတ်ပေ။

ဂျွန်ကိုတွေ့လိုက်တဲ့အခါ Oxygen မရှိရင် ဂျွန်အခက်တွေ့မယ်ဟုသာအရင်ဆုံးတွေးမိသည်။ ဂျွန်ကထူးဆန်းတဲ့အသွင်ဖြစ်နေသည်။

အစိမ်းရောင်မျက်ဝန်း၊ သံမဏိလိုချွန်ထက်လှတဲ့ လက်သည်းများ၊ နူးညံ့တဲ့အဖြူရောင်ဆံပင်ကတစ်ဖြည်းဖြည်းနွယ်ပင်လိုဖြစ်နေသည်။

"မင်း...မင်းဘယ်သူလဲ"

အသိစိတ်ပျောက်လုလု ဂျွန်ကထိုအသံကြောင့် သာမာန်အတိုင်းပြန်ဖြစ်သည်။

မီးခိုးရောင်မျက်ဝန်းလှလှက အာခီရိုကိုစိုက်ကြည့်နေသည်။ အာခီရိူကအလှတရားကြောင့်အဆွဲဆောင်မခံပေ။ ခုနကအစိမ်းရောင်ဖြစ်သွားတာသေချာမြင်ခဲ့တာကို။

"ကျွန်...ကျ..တော်"

"မင်းဘယ်သူလဲ"

ဂျွန်ကဒူးထောက်ကာ...
"ကျွန်တော်မဖုံးကွယ်သင့်ပါဘူး တောင်းပန်ပါတယ်"

"ဘာတွေဖြစ်နေတာလဲ..."
ရှုပ်ထွေးနေမိသည်။

"ကလေးတွေကအပြစ်မရှိပါဘူး...တောင်းပန်ပါတယ်"

"ဂျွန်"
ချစ်ရသူကဘာကြောင့်မှန်းမသိဒူးထောက်နေတာကိုမမြင်ရက်၍ဆွဲထူသော်လည်း သူကလုံးဝမထလာ။ ဂျွန်ကသာသူ့ကိုဒီလိုခံစားချင်ပေးနိုင်သည်။

ထိုအချိန်မှာဆေးထိုးအပ်တစ်ခုကဂျွန်ကလင်းထဲစက္ကန့်ပိုင်းခန့်ထိုးစိုက်သွားသည်..

ဂျွန်လဲကျသွားတော့အာခီရိူကပွေ့ထားကာ တရားခံကိုအသံမာမာမေးလိုက်သည်။

I am A System 30 (series-2) Arc-2Where stories live. Discover now