Arc-2.4

271 35 3
                                    

2.4

နောက်ထပ်၂လခွဲခန့်ကြာတဲ့အခါမှာ အာခိရိုကမွေးဖွားချင်လာသည်။ အခုအခါမှသူသတိထားမိတာကဤ၂လအတွင်းဒီနေရာမှာဘယ်သူမှမရှိဘဲ သူတို့၂ဦးသာရှိသည်။ အနားမှာအိမ်ယာတွေရှိပေမဲ့လူသိပ်မတွေ့ရ။ သူကိုယ်တိုင်ကလည်း ဒီအခန်းထဲမှလွဲ၍ဘယ်ကိုမှသွားမရသည်လည်းပါသည်ကိုး။ သူ့ကသားမွှေးအိပ်ယာပေါ်မှာနေပြီး ဂျွန်ကဆိုဖာအရှည်တစ်ခုတွင်တစ်ယောက်ထဲအိပ်စက်သည်။

သူတို့၂ယောက်ရဲ့ကလေးရှိနေပြီကိုအတူနေရင်ရပါပြီဆိုတဲ့မေးခွန်းတွေလည်းရှိပေမဲ့ သူ့ကိုယ်သူမယုံပေ။ Pheromones တွေကမလိမ်ညာလောက်ပေမဲ့ 'မတော်တဆ' ဆိုတဲ့ သံသယကဝင်နေတတ်သည်။ သူမွေးလာမဲ့ကလေးတွေကဂျွန်ရဲ့ကလေးတွေမဟုတ်ခဲ့ရင်ရော။ ဂျွန်နဲ့မတူခဲ့ရင်ရော။ ဂျွန်နဲ့Pheromonesတူတဲ့အခြားတစ်ယောက်ရဲ့ကလေးဖြစ်နေမယ်ဆိုရင်ကော။

သူမနေနိုင်စွာဂျွန်ကိုဖွင့်ပြောမိပေမဲ့ ဂျွန်က 'ကိုယ်ဝန်ဆောင်တွေကအတွေးများတတ်တယ်'လို့ပဲပြန်ဖြေသည်။

ဒါပေမဲ့သူမနေနိုင်မထိုင်နိုင်ဖြစ်မိသည်။

လက်တလောတွင်တော့သူ့စိတ်ထဲဒီဝမ်းထဲကကိစ္စကိုရှင်းဖို့သာတွေးနေမိသည်။ ဆီးစပ်နားကစပ်ဖျင်းဖျင်းနာကျင်မှုကပိုဆိုးရွားလာသည်။

"ဂျွန်...ငါမွေးတော့မယ်ထင်တယ်"
ထိုသို့ပြောပြီးပြီးချင်းသူ့အောက်ပိုင်းကစိုရွှဲသွားလေတော့သည်။

ရေမွှာပေါက်သွားပြီ။

"ဦးလေး...စိတ်ထိန်း..."
'ဒီခွေးသားလေးကိုငါပိတ်ထုချင်တယ်'
တုန်တုန်ရီရီဖြင့် သူ့ရဲ့လက်ပတ်ကိုနှိပ်လိုက်တဲ့အခါမှာ စခရင်တစ်ခုပေါ်လာသည်။

"အားလုံးအထဲဝင်လာခဲ့"

အာခိရိုအမြင်တွေဝေဝါးလာပေမဲ့ သူရှိရာနေရာကိုလူတွေအများကြီးဝင်လာမှန်းခံစားမိသည်။

"ဂျွန်...မင်းဘာ..တွေ လုပ်"
စကားဆုံးအောင်ပြောဖို့ပင်အင်အားမရှိတော့ပေ။ ထိုသူတွေကသူနာပြုတွေဖြစ်လောက်မည်။ ဆရာဝန်ဝတ်စုံနှင့်တစ်ဦးလည်းသည်။

သူတို့တွေကသူ့အခြေအနေကိုစ်ဆေးပြီး...
"သားအိမ်ပွင့်ဆေးထိုးပေးလိုက်ဦး"
သူ့ခန္ဓာထဲဆေးထိုးအပ်ကဝင်လာသည်။

I am A System 30 (series-2) Arc-2Where stories live. Discover now