ခြံဝန်းထဲက မက်မွန်ပင်တွေကနေ အကိုင်းအခက်အသစ်တွေ ထွက်လာချိန်မှာ ရှောင်းကျန့်ဟာ ဝမ်သခင်မကြီးကို အဖော်ပြုလို့ ဘုံကျောင်းကို နောက်တကြိမ် လိုက်သွားခဲ့ရတယ်။
အဲ့ဒီ့နေ့မှာ ရာသီဥတု အရမ်းသာယာတယ်။ ဝမ်သခင်မကြီးဟာ အရမ်းတက်ကြွနေခဲ့ပြီး လမ်းတလျှောက်မှာ ရှောင်းကျန့်ကို စကားတွေ ပြောလာခဲ့တယ်။ ဝမ်အိမ်တော်မှာ နေခဲ့ရတဲ့လတွေအတွင်း ဝမ်သခင်မကြီးအပါအဝင်၊ ကျန်တဲ့အစေခံတွေအကုန်လုံးက သူ့ကို အပြင်လူလို သဘောမထားဘဲ ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ပေမဲ့ သူဟာ ဒီလူတွေရဲ့ အကူအညီယူဖို့ လာခဲ့ရတယ်ဆိုတဲ့အချက်ကို ဘယ်တော့မှ မေ့မထားဘူး။
ယမ်းခါနေတဲ့ လှည်းအိမ်ထဲမှာ ဝမ်သခင်မကြီးဟာ ရှောင်းကျန့်ရဲ့လက်ကို ဆွဲလို့ ပြောလိုက်တယ်။
"ကျန့်ကျန့် မင်း ဒီလောက်နှစ်တွေအများကြီး တယောက်တည်း နေခဲ့တာလား?"
ရှောင်းကျန့်မှာ ခဏလောက်တော့ ဆွံ့အသွားတယ်။ ဝမ်သခင်မကြီးက သူ့ကို အဲ့လိုမေးလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သူ အနည်းငယ်ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်တယ်။
"အိမ်ထောင်ပြုဖို့ စဉ်းစားထားသေးလား?"
"ကျနော် တခါမှ မစဉ်းစားခဲ့ဖူးဘူး"
ဝမ်သခင်မကြီးဟာ ရှောင်းကျန့်ရဲ့လက်ကို လွှတ်ပေးလိုက်ပြီး တွေးတွးဆဆကြည့်လိုက်တယ်။ အဲ့ဒီ့နောက် သက်ပြင်းဖွဖွချရင်း ပါးလျတဲ့လေသံနဲ့ ပြောတယ်။ ပါးလျလွန်းတာများ အပ်ဖျားလေးတချောင်းနဲ့ ရှောင်းကျန့်ရဲ့နားထဲ ထိုးစိုက်ဝင်လာသလိုမျိုး။
"မင်းရဲ့ စိတ်သဘောထားအရဆို မင်းက ကိုယ့်ကိုကိုယ် ချုပ်နှောင်ထားတဲ့လူမျိုးနဲ့တူတယ်။ တယောက်ယောက်ကသာ မင်းကို အဖော်ပြုပေးနိုင်ရင် မင်းအမေက အရမ်းပျော်မှာသေချာတယ်"
အမေ့အကြောင်း ပြောတာကြားတဲ့အခါ ရှောင်းကျန့်မှာ ရင်ထဲ ဝမ်းနည်းသလို ခံစားရတယ်။ အဲ့တော့ ခေါင်းကိုသာ ညိတ်ပြရင်း ခပ်တိုးတိုး အင်းလုပ်လိုက်တယ်။ ဝမ်သခင်မကြီးက သူမလက်ကို ဝှေ့ယမ်းရင်း ထပ်ပြောတယ်။
![](https://img.wattpad.com/cover/323939422-288-k980409.jpg)
YOU ARE READING
Passing Through the Remains of Spring ||Completed||
Fanfictionချစ်သူအတွက် မက်မွန်ပင်တွေ စိုက်ပျိုးခဲ့တယ်... ငါ့မေတ္တာတွေ မင်း မြင်နိုင်ပါစေကွယ်~ Myanmar Translation, Unicode only နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါသည်။