- 9 -

3.6K 377 10
                                    

ရှောင်းကျန့် စားပွဲမှာ ထိုင်နေတယ်။ စားပွဲပေါ်က စွပ်ပန်းကန်လုံးကို သူကြည့်နေတယ်။ သူ ခဏလောက် စဉ်းစားလိုက်တယ်။ ပြီးတာနဲ့ သတ္တိကို စုစည်းပြီး စားပွဲအရှေ့က သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူကို ကြည့်လိုက်တယ်။

သူ ခေါင်းမော့လိုက်တာနဲ့ တပြိုင်နက် သူ့ကို ကြည့်နေတဲ့ တဖက်လူရဲ့ မျက်ဝန်းတွေနဲ့ ဆုံတယ်။ နှစ်ယောက်သားဟာ ခဏလောက် စိုက်ကြည့်ပြီးပေမဲ့ ဘာစကားမှ မပြောဘူး။

"အဟမ်း"

အကြာကြီးကြာပြီးကာမှာ သူနဲ့ မျက်နှာချင်းဆိုင်ကလူက ရုတ်တရက် အနောက်ကိုလှည့်လို့ တံခါးသွားပိတ်တယ်။ ပြီးတာနဲ့ ပြန်လှည့်လာတယ်။ သက်ပြင်းကို ဟင်းခနဲ ချလိုက်တာမို့ ရှောင်းကျန့်မှာ အဲ့သက်ပြင်းကြောင့် လန့်သွားတယ်။

"ရှောင်းသခင်လေး"

ချွေ့အယ်ဟာ သူ့ရှေ့မှာ ပြန်ထိုင်တယ်။ သူ့လက်ပေါ် မေးစေ့တင်လို့ မေးထောက်ရင်း ရှောင်းကျန့်ကို သေချာကြည့်တယ်။ ရှောင်းကျန့်မှာ မနေတတ်၊ မထိုင်တတ် ဖြစ်ရပြန်တယ်။

"ချွေ့အယ် မင်း ဘာလို့ ကြည့်နေတာလဲ?"

သူ မနေနိုင်တော့လို့ မေးလိုက်တာ ဖြစ်တယ်။

"ရှောင်းသခင်လေးက တကယ်ကို မဆီလျော်တာပဲ"

ချွေ့အယ်က မျက်မှောင်ကြုတ်တယ်။ အလေးအနက် တွေးတောဟန်နဲ့ သူမခေါင်းကို ယမ်းခါတယ်။

"ဘာကို မဆီလျော်တာလဲ?"

ရှောင်းကျန့်ဟာ သူ့လက်ကို ဆန့်ထုတ်လို့ စားပွဲပေါ်က စွပ်ပြုတ်ပန်းကန်လုံးကို လက်နဲ့စမ်းကြည့်တယ်။ နည်းနည်းပူသေးတာမို့ သူ လက်ကို ပြန်ရုတ်လိုက်တယ်။ တကယ်တော့ ဝမ်ရိပေါ်ရဲ့ အမှတ်အသားပေးခြင်း ခံထားရပြီးနောက်မှာ ဒီဆေးတွေကို သောက်သောက်၊ မသောက်သောက် အကြောင်းမထူးတော့ဘူး။ သူ Heat ဝင်တဲ့အခါ ဝမ်ရိပေါ်ကလွဲရင် တခြားဘယ်သူမှ သူ့ကို ကူညီမပေးနိုင်တော့ဘူး။

ချွေ့အယ်က တိတ်ဆိတ်သွားပြန်တယ်။ ရှောင်းကျန့်ဟာ မျက်လုံးကို လှန်လို့ သူမကို ကြည့်ရင်း မေးလိုက်တယ်။

Passing Through the Remains of Spring ||Completed||Where stories live. Discover now