- 4 -

5K 475 21
                                    

ဝမ်ရိပေါ်တယောက် မြို့တော်ကို ခရီးထွက်သွားတော့မှပဲ ရှောင်းကျန့်မှာ အေးအေးချမ်းချမ်း နေရတော့တယ်။

အစတုန်းကတော့ လဝက်လောက်ပဲ သွားမှာလို့ ဆိုခဲ့ပေမဲ့ တစုံတခုဖြစ်တာကြောင့် နှစ်လကြာသွားတယ်။ ရက်အနည်းငယ်ကြာတိုင်း သူ့အမေ ဝမ်သခင်မကြီးဆီကို စာပို့တာကလွဲရင် အဲ့ဒီ့လူဟာ ရုတ်တရက်ကြီး ပျောက်ဆုံးသွားသလိုပဲ။

ပေကျင်းရဲ့နွေဦးရာသီဟာ ရွှီချိန်းနဲ့ ကွာခြားတယ်။ ရွှီချိန်းဟာ တောင်ဘက်ပိုင်းထက် ပိုဝေးတယ်ပြောရမယ်။ နွေဦး စောစောဝင်ပြီး မက်မွန်ပန်းတွေ စောစောပွင့်တယ်။ နှစ်တိုင်း နွေဦးရာသီအစောပိုင်းမှာ ရွှီချိန်းဟာ မက်မွန်ပန်းတွေ လှပစွာ ဝေနေလေ့ရှိတယ်။ အပင်တိုင်းရဲ့ မက်မွန်ပွင့်တွေဟာ အရမ်းကို အရောင်စုံတယ်။ မြို့တော်ရဲ့ နွေဦးရာသီအစောပိုင်းဟာ ဆောင်းလက်ကျန် ရှိနေသေးပြီး မက်မွန်ပန်းတွေ ပွင့်ဖို့ မဆိုထားနဲ့၊ ဘာသစ်ရွက်သစ်ဖူး အသစ်မှ မတွေ့ရဘူး။

ရှောင်းကျန့်ဟာ ဝမ်မိသားစုရဲ့ ခြံဝန်းထဲမှာ မတ်တပ်ရပ်နေရင်း သစ်ရွက်တွေကြွေလို့ ကတုံးဖြစ်နေတဲ့သစ်ပင်တွေကို ငေးကြည့်နေမိတယ်။ ရုတ်တရက် ရွှီချိန်းမှာရှိတဲ့ သူ့အိမ်ခြံဝန်းထဲက မက်မွန်ပင်နှစ်ပင်ကို သူ လွမ်းသွားတယ်။

ဒီနှစ်မှာရော အရင်နှစ်တွေတုန်းကလို မက်မွန်ပန်းတွေ လှလှပပ ပွင့်နေသေးရဲ့လား။

သူ ရွှီချိန်းကနေ ထွက်လာခဲ့ပြီး မြို့တော်ကို ရောက်ခဲ့တာ ၂ လနီးပါး ကြာပြီဖြစ်တယ်။ ရှောင်းကျန့်ဟာ နေ့တိုင်း ဝမ်မိသားစုအိမ်ထဲမှာပဲ အောင်းနေတယ်။ အရင်အိမ်မှာ နေခဲ့ရတာနဲ့ နှိုင်းစာရင် အစားအသောက်၊ အဝတ်အစားနဲ့ နေထိုင်သွားလာမှုတွေဟာ အဆင့်အတန်း မြင့်မားနေတုန်းဖြစ်တယ်။ ဝမ်သခင်မကြီးရဲ့ ဂရုစိုက်မှုကြောင့် အစေခံတွေကလည်း သူ့အပေါ်မှာ ရိုသေတယ်။ သူတို့သခင်လေးကို ပြုမူသလိုပဲ။ ရိုသေလေးစားပြီး တရင်းတနှီးနေတယ်။ လောင်ချန်းမှာတောင်မှ ဂရုစိုက်ပေးမယ့် ဟောက်ရှန်းဆိုတဲ့ကောင်လေးရှိနေပြီး အစေခံအလုပ်တွေ လုပ်စရာ မလိုဘူး။

Passing Through the Remains of Spring ||Completed||Where stories live. Discover now