- 11 -

3.5K 366 24
                                    

ချန်းယွီနဲ့ ကျန့်ချင်တို့ ဘာတွေ ဆွေးနွေးနေကြတယ်ဆိုတာ ဘယ်သူမှ မသိသလို ဘာတွေ ဆက်ဖြစ်သလဲဆိုတာကိုလည်း ဘယ်သူမှ မသိဘူး။

ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို အိပ်ရာပေါ် တွန်းချလိုက်ပြီး ညစာကို အရှက်မရှိ စားသုံးတယ်။ အဲ့ဒီနောက်မှာတော့ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားခဲ့တယ်။

ညလယ်ပိုင်းမှာ ရှောင်းကျန့်က တရေးနိုးတယ်။ သူ့ခန္ဓာကိုယ်က တင်းတင်းဖက်ခံထားရတုန်းပဲ။ သူ့တင်ပါးမှာ စေးကပ်ကပ်အရာတွေ ရှိနေဆဲဖြစ်ပြီး အနောက်ကလူရဲ့ ယောက်ျားအရာဟာ သူ့ပေါင်ကြားမှာ ရှိနေဆဲ ဖြစ်တယ်။ ရှောင်းကျန့်က လှုပ်ရှားလိုက်တဲ့အခါ တင်းတင်းပြန်ဖက်ခြင်း ခံလိုက်ရတယ်။

"အိပ်"

သူ့အနောက်ကလူဟာ သူ့လည်ပင်းအနောက်နေရာကို နှာခေါင်း၊ ပါးစပ်နဲ့ ပွတ်တိုက်နေတယ်။ ထိတွေ့မှုအပေါ် နေသားကျနေပြီဖြစ်တဲ့ ခန္ဓာကိုယ်ဟာ ဒီလိုရင်းနှီးတဲ့ အပြုအမူမျိုးကို ဦးနှောက်ထက်အရင် တုံ့ပြန်မှုပေးတယ်။

ရှောင်းကျန့်ဟာ ရီဝေပြီး အိပ်ချင်မူးတူး ဖြစ်နေတယ်။ သူ့မျက်လုံးကို မှိတ်ချလိုက်ပြီးနောက် အနောက်ကလူရဲ့ရင်ခွင်ထဲ မှီချလိုက်တယ်။ ဒီလိုမျိုး သာသနာနယ်မြေမှာ ဝမ်ရိပေါ်ရဲ့ ရင်ခွင်ကို ဖက်တွယ်ထားရင်း နှစ်ယောက်သား တင်းတင်းဖက်လိုက်တယ်။ ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းနေတုန်းပဲ။ တယောက်နဲ့တယောက် နီးနီးကပ်ကပ်ရှိနေတယ်ဆိုတဲ့ ပုံရိပ်ယောင်တွေဟာ အာရုံထဲမှာ တဝဲလည်လည် ရှိနေတယ်။

အဲ့ဒီညမှာ ရှောင်းကျန့်ဟာ ခါတိုင်းထက်ပိုပြီး ကောင်းကောင်းအိပ်ပျော်ခဲ့တယ်။ ပုံမှန်ဆိုရင် သူက အိပ်မက်အများကြီး မက်တဲ့သူဖြစ်တယ်။ ဘယ်လောက်ပဲ ပင်ပန်းနေနေ၊ အိပ်ရာစောစောပဲ ဝင်ပါစေ အိပ်မက်တွေ အမြဲတမ်းမက်တယ်။ ဒါပေမဲ့ ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲမှာ အိပ်ရတဲ့အခါ ဘာကိုမှ အိပ်မက်မမက်ဘူး။

နောက်နေ့မနက်မှာ ရှောင်းကျန့်က အရင်အိပ်ရာထတယ်။ သူ နည်းနည်း ရေဆာနေတယ်။ သူ ဝမ်ရိပေါ်ကို ခပ်သာသာ တွန်းဖယ်လိုက်ပြီး အိပ်ရာထလို့ စားပွဲရှိရာ လျှောက်သွားတယ်။ စားပွဲပေါ်က ရေနွေးအိုးထဲမှာ ရေကုန်နေတယ်။ မနေ့ညက ဝမ်ရိပေါ် အကုန်သောက်လိုက်တာဖြစ်တယ်။

Passing Through the Remains of Spring ||Completed||Where stories live. Discover now