- 12 -

3.8K 376 8
                                    

ညနေပိုင်းမှာ ဝမ်ရိပေါ်က ကိစ္စရှိလို့ဆိုပြီး ထမင်းအနည်းငယ် စားပြီးတာနဲ့ ထွက်သွားခဲ့တယ်။

ချွေ့အယ်နဲ့ ရှောင်းကျန့်တို့နှစ်ယောက်ပဲ အခန်းထဲမှာ ကျန်ရစ်တယ်။ ချွေ့အယ်က ရှောင်းကျန့်အတွက် ရေခပ်ပေးတယ်။ အနည်းငယ် စိတ်ညစ်နေတဲ့ ရှောင်းကျန့်ပုံကို ကြည့်ပြီး သူမ နည်းနည်းစိတ်ပူလာတယ်။ ဒါပေမဲ့ ဘာပြောရမယ်မှန်း သူမ မသိဘူး။

ရှောင်းကျန့်က ဒါကို သတိပြုမိတာပေါ့။ ချွေ့အယ်တယောက် အခန်းထဲမှာ ဟိုဒီလျှောက်နေတာကို ခဏလောက် စောင့်ကြည့်ပြီးနောက် ခေါ်လိုက်တယ်။

"ချွေ့အယ် မလျှောက်နဲ့တော့။ ငါ မူးလာပြီ"

"ရှောင်းသခင်လေး ရှင် စိတ်မကြည်ဘူးလား?"

ချွေ့အယ်က ရှောင်းကျန့်ကို တချက်ကြည့်ပြီး မရဲတရဲ ထပ်မေးတယ်။

"ဆရာတော်က သခင်လေးကို တခုခု ပြောလိုက်လို့လား?"

"ဟိုဒီလျှောက်မပြောနဲ့"

ရှောင်းကျန့်က သူ့လက်ကို ယမ်းခါပြတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ ချွေ့အယ်နဲ့ စကားမပြောချင်ဘူး။ အခုချိန်မှာ သူ ဒါတွေ ပြောချင်မနေဘူး။

"အဲ့ဒါဖြင့် ကျမ အရင်ပြန်နှင့်ပါမယ်။ သခင်လေး ကောင်းကောင်းအနားယူပါ"

ချွေ့အယ်က နောက်ထပ်မေးခွန်းတွေ ထပ်မမေးရဲတော့ဘူး။ ရှောင်းကျန့် စားလို့မကုန်တဲ့ဟင်းတွေ ယူပြီးတာနဲ့ ပြန်ထွက်သွားတော့တယ်။

ချွေ့အယ် ထွက်သွားပြီးနောက်မှာ ရှောင်းကျန့်ဟာ အတွေးကမ္ဘာထဲ မျောသွားတယ်။

သူက စိတ်မခိုင်တဲ့လူမျိုး မဟုတ်ဘူး။ အရင်တုန်းကဆိုရင် လောင်ချန်းဟာ အမြဲတမ်း သူ့အကြောင်း ပြောနေတတ်တယ်။ အရာရာတိုင်းကို ရှောင်းကျန့်က ကိုယ့်သဘောအတိုင်း ကိုယ်လုပ်တယ်လို့ပေါ့။ သူ ရွှီချိန်းမှာတုန်းကဆိုရင် လူတွေကို သဘောကျအောင် ပြောဆိုတာမျိုးတွေ မလုပ်ဘူး။ အဲ့တော့ ကြာလာတဲ့အခါ တခြားအပြိုင်အဆိုင် မိသားစုတွေနဲ့ ယှဉ်ပြီး အမွှေးနံ့သာဆိုင်ကို ပိတ်လိုက်ရတယ်။

Passing Through the Remains of Spring ||Completed||Where stories live. Discover now