- 15 -

3.5K 404 16
                                    

မနက်ခင်း နေမြင့်နေပြီဖြစ်တယ်။ နေ့လယ်ခင်း ရောက်တော့မယ်ဆိုပေမဲ့ အခန်းထဲမှာ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။

ချွေ့အယ်ဟာ ရှောင်းကျန့်ရဲ့ အခန်းရှေ့မှာ မတ်တပ်ရပ်နေတယ်။ သူမ ဒီအခန်းရှေ့မှာ ဟိုဘက်ဒီဘက်လျှောက်နေတာ အကြိမ်ရေမနည်းတော့ဘူး။ ဒါပေမဲ့ သူမ အခန်းတံခါးကို တွန်းဖွင့်ပြီး အထဲဝင်သွားဖို့ မရဲတာမို့ ဒီအတိုင်းပဲ စောင့်နေမိတယ်။

ပုံမှန်ဆိုရင် ရှောင်းကျန့်က အဲ့လောက်အိပ်ရာထ နောက်မကျဘူး။ သူ အပြင်ထွက်မလာဘူးဆိုရင်တောင် ချွေ့အယ်ကို ခေါ်လို့ ဝင်လာခိုင်းတတ်တာမျိုး၊ ဒါမှမဟုတ် ချွေ့အယ်ရဲ့ ခေါ်သံကို ပြန်ထူးပြီး အထဲတင်လာခိုင်းတာမျိုး လုပ်တတ်တယ်။

ဒါပေမဲ့ ဒီနေ့မှာ ချွေ့အယ်ဟာ ရှောင်းသခင်လေးလို့ ခဏခဏ ခေါ်ကြည့်ပေမဲ့ ပြန်ထူးသံ မကြားဘူးဖြစ်နေတယ်။

ခါတိုင်းလို မဟုတ်ဘူး။

ဝမ်ရိပေါ်နဲ့ မတော်တဆကိစ္စဖြစ်ပြီးကတည်းက ချွေ့အယ်စိတ်ထဲ ရှောင်းကျန့်က နည်းနည်းပြောင်းလဲသွားသလိုပဲ။ ခါတိုင်းပုံမှန်လိုပဲ ညင်ညင်သာသာ၊ အေးအေးဆေးဆေး နေနေတာဆိုပေမဲ့ တယောက်တည်း ရှိတဲ့အခါတိုင်းမှာ ငေးငိုင်နေတတ်တယ်။ ချွေ့အယ်ရဲ့ ပေါက်ကရစကားတွေကိုကအစ မရယ်တော့ဘူး။

ခဏအကြာမှာ ချွေ့အယ်ဟာ ဗိုက်ဆာလာတာမို့ သူမဗိုက်ကနေ တဂွီဂွီမြည်သံ ထွက်လာတယ်။ သူမ နဖူးကို ထိကိုင်ရင်း ပြန်သွားပြီးမှ ပြန်လာရကောင်းမလား စဉ်းစားနေမိတယ်။

သူမ တဖက်လှည့်တော့မယ်ကြံတဲ့အချိန်မှာပဲ တဖက်ဘေးခန်းကနေ ဝမ်ရိပေါ် ထွက်လာတာကို တွေ့လိုက်ရတယ်။ ချွေ့အယ်က သခင်လေးလို့ ခေါ်လိုက်တဲ့အခါ ဝမ်ရိပေါ်က သူ့ကို လှည့်ကြည့်တယ်။

"သခင်လေး သခင်လေး"

ချွေ့အယ်က ခဏလောက် တွေးပြီးတာနဲ့ ဝမ်ရိပေါ်ရှိရာပြေးလို့ ထပ်ခေါ်တယ်။

ဝမ်ရိပေါ်က ရပ်သွားပြီး ချွေ့အယ်က သူ့ဆီ ပြေးလာတာကို စောင့်ပေးတယ်။

"ဘာကိစ္စလဲ?"

"သခင်လေး ဟိုလေ ရှောင်းသခင်လေး ခုထိ အိပ်ရာမထသေးလို့"

Passing Through the Remains of Spring ||Completed||Where stories live. Discover now