အပိုင်း(၃) { Unicode+zawgyi}

2.7K 126 1
                                    

ကျောင်းစဖွင့်သည့် မနက်အစောတွင် မမမြကြည်က မှန်ရှေ့ ကျုံ့ကျုံ့ယုံ့ယုံ့ထိုင်ကာ ကျွန်တော့်ကို ဖြီးလိမ်းပြင်ဆင်ပေးသည်။ပီးနောက် သူမကိုယ်သူမလဲ သနပ်ခါးရေကျဲကို ပါးပေါ်တင်၏။ဆံနွယ်ရှည်တို့ကို နောက်တွင် တစ်ပတ်လျှိုဆံထုံး ထုံးလိုက်ကာ ကျန်သောဆံနွယ်တို့အားလည်တိုင်ကျော့ကျော့ကို ဝိုက်ယူပီး ရင်ဆီသို့ချလိုက်သည်။ကျွန်တော်က ငြိမ်ငြိမ်လေး ဘေးမှယှဉ်ထိုင်ကာ မမကိုချစ်ခင်မြတ်နိုးစွာ စိုက်ကြည့်နေမိ၏။
မကပါ....ဒါတင်မကပါ။ချစ်ခင်မြတ်နိုးစွာ ၊လေးစားကြည်ညိုစွာ စိုက်ကြည့်မိသည်။ဘေးတိုက်မြင်နေရသည့် မမမျက်နှာလေးသည် သွယ်လျသည်၊၊နှာတံလေးမှာလဲသွယ်၏။မျက်နှာတစ်ခုလုံး၏ အလှကို ဖြည့်ပေးထားသည်က သူမ၏နှုတ်ခမ်းလွှာဖူးဖူးလေးများနှင့် မျက်တောင်တိုတိုလေးများအောက်က စူးရှရဲရင့်တဲ့ မျက်လုံးလှလှလေးများပင်။
လှလိုက်ပါဘိ.....ကျွန်တော်က အဆင်းသဏ္ဍာန် ချူချာသလောက် မမမြကြည်မှာ အဆင်း၏ တင့်တယ်ခြင်းရှိလေသည်။
ကျွန်တော် မည်မျှကြာအောင် စိုက်ကြည့်နေမိသည်တောင်မသိ မမထံမှ ရယ်သံသဲ့သဲ့လေးထွက်လာမှသာ.....။

"ဘာလဲ ဒီပ့ ....မုန့်ဖိုးရချင်လို့လား...မဟုတ်ရင် သကြားလုံး ဝယ်ကျွေးခိုင်းချင်လို့လား"

"ကျွန်တော်မှ သကြားလုံးမကြိုက်ဘဲ"

"ဒါဖြင့် ဘာလဲ"

"ဪ...ဒီလောက်လှတဲ့ မမက ယောကျာ်းယူမှာလားမေးမလို့"

မမက လှပတဲ့ မျက်စောင်းလေးကို ကျွန်တော့်ဘက်လှည့်ထိုးလိုက်ကာ ထိုင်ရာမှ ထသွားသည်။

"ဒီပ့ ဘာတွေမေးနေသလဲ ...ထူးထူးဆန်းဆန်း"

တိုင်မှာချိတ်ထားတဲ့ ကျွန်တော့်လွယ်အိပ်ကို ဖြုတ်ယူကာ လွယ်အိတ်ထဲ စာအုပ်၊ခဲတံတို့ကို သေချာလေးထည့်ပေးနေတော့ နောက်ကနေ မြင်နေရတဲ့ ကျောပြင်သွယ်သွယ်လေး။ဪ...ကျောပြင်နောက်ကကြည့်တာတောင် မမဘယ်လောက်ပင်ပန်းနေလဲ သိပါ၏။ကျွန်တော်သိပါ၏။

မေးတာကို ယခုထိမဖြေ၊ မီးဖိုချောင်ထဲဝင်သွားပြန်ကာ ကျွန်တော့်အတွက် ထမင်းချိုင့်လေးထဲ ထမင်းထည့်နေပြန်တော့.....

ဒီပရဲ့အတ္ထုပ္ပတ္တိ  {Ongoing}Where stories live. Discover now