အပိုင်း(၂၄){Unicode+Zawgyi}

1.4K 75 8
                                    


"ဒါကဘာလဲ ဟမ် မောင် !!"

ဒေါသတကြီး ကျွန်တော့်ရင်ဘက်ဆီကို မမမြကြည်လုံးချေပစ်ပေါက်လိုက်တဲ့စာက ဒီပ့နဲ့လမ်းခွဲစာ။
ကျွန်တော် ရင်နာနာနဲ့ရေးထားရတဲ့ ဒီပ့နဲ့လမ်းခွဲစာပါ။

"ဒါကဘာသဘောလဲ !!ငါ့မောင် ဘာကြောင့် ဒီစာမျိုးကို ဒီပ့ဆီကိုပို့ဖို့ကြံစည်ရသလဲ ဟမ်"

သူမမျက်နှာလေးမှာတင်းနေ၏။အသံလေးကပါ မာပြီးတုန်နေ၏။

"ဘာအကြောင်းပြချက်နဲ့လဲ ဟမ်...ဖြေစမ်းပါကွ မမရင်ပူလွန်းလို့ မင်းဖြေလိုက်စမ်းပါ"

ကျွန်တော် ဘာစကားမှမဆိုမိ။
ခေါင်းကိုငုံ့ အံ့ကိုကြိတ်လျက်သာ အသံတိတ်မျက်ရည်ကျနေမိသည်။
တကယ်ပါ ဒီရက်ပိုင်းတွေဟာ ကျွန်တော့်အတွက်ခက်ခဲပင်ပန်းလွန်းတယ်။နှုတ်ခမ်းတွေလှုပ်ရှားဖို့တောင်ခွန်အားမရှိတော့သလို တကယ်ပင်ပန်းတဲ့နေ့ရက်တွေပါဘဲ။

"လုပ်ရက်လိုက်တာ မောင်ရယ် လုပ်ရက်လိုက်တာ"

တရားသဘောကိုနောကျေထားလို့လား.. ဒါမှမဟုတ်ဒီအမျိုးသမီးဟာ ဒေါသနဲ့ဘဲနေသားမကျလို့လား။ယခုမူ သူမအသံလေးမှာမမာတော့။
သို့ပေမဲ့ အစ်မတစ်ယောက်အနေနဲ့ မောင်အတွက်ခံပြင်းမှုသဘောတွေကတော့ သူမမျက်နှာပေါ်မှာမကွယ်ဝှက်နိုင်။

"မောင့်ကို ဒီပ့ဘယ်လောက်ထိချစ်လဲ သိလား။နစ်နေအောင်ချစ်တာ...မောင့်ကိုနင့်နေအောင်ချစ်တာကွ။
ဒါကိုသိရက်နဲ့ ဒီလိုလမ်းခွဲစာကို ပေးရက်တယ်ဆိုတော့ မောင်က ဒီပ့နှလုံးသားကို အစိမ်းလိုက်လုပ်ကြံသတ်ဖြတ်မလို့လား...ဟင် ငါ့မောင်။
မဟုတ်တောင် ဒီပ့ဘဝဟာ မောင့်စိတ်နဲ့အသက်ရှင်နေရသလို မောင့်စိတ်နဲ့လဲသေနေရတဲ့ကောင်စားလေးပါကွ"

ငိုသံရောလာတဲ့သူမစကားအဆုံးမှာ မော့ကြည်တော့... တကယ် ကျွန်တော့်နည်းတူ သူမမျက်ဝန်းမှာရစ်ဝဲနေတဲ့မျက်ရည်စတွေ။

ထိုမျက်ဝန်းတွေနဲ့ သူမ ကျွန်တော့်ကိုအကြာကြီးငေးကြည့်၏။တောင်းပန်တိုးလျှိုးစွာ အကြာကြီးငေးကြည့်နေ၏။
သည်အကြည့်တွေ...ထပ်ပြီးသာ ကျွန်တော်အကြာကြီးကြည့်မိရင် သေချာပေါက်စိတ်ပြောင်းမိတော့မှာ။
ထို့ကြောင့် ကျွန်တော် သူမထံမှအကြည့်ကို ဘေးသို့လွှဲချလိုက်သည်။
သည်တော့ သူမကလဲ ကျွန်တော့်အနားကနေ ရွေ့လျားသွားကာ မြစ်ပြင်ဆီသို့တိုးကပ်သွားပြီး နေဝင်ရာအနောက်အရပ်ဆီကို ခပ်ဆွေးဆွေးမျှော်ငေးကြည့်၏။

ဒီပရဲ့အတ္ထုပ္ပတ္တိ  {Ongoing}Where stories live. Discover now