ကြည်လင်တဲ့ကောင်းကင်ပြာ။
တိမ်စုတိမ်စိုင်ဟူသမျှကင်းစင်ပြီး ကြည်လင်တဲ့ကောင်းကင်ပြာပြာကြီးအောက်မှာ မှိုင်းမှိုင်းညှို့ညှို့ကြီးတည်ရှိနေတဲ့ ဧရာဝတီမြစ်ရေပြင်။
ထိုမြစ်ပြင်ထက်မှာလဲ သင်္ဘော၊စက်လှေကြီးစက်လှေငယ်ဟူသမျှမရှိ။ဘာဆိုဘာမျှမရှိ။ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ဘာဆိုဘာမျှမရှိ။
သောင်ပြင်ပေါ် တစ်ကိုယ်တည်းအထီးကျန်ရပ်တည်နေတဲ့ကျွန်တော်နှင့် မြစ်ပြင်ထက်လုံးထွေးဆော့ကစားနေတဲ့စင်ရော်ငှက်ကလေးနှစ်ကောင်သာလျင်ရှိသည်။
လွင်လွင်ထနေတဲ့ရေလှိုင်းနဲ့အတူ လှိုင်းကြပ်ခွပ်သံလေးတွေကလဲ တစ်ချီတစ်ချီမှာပေါ်ထွက်လာသေး၏။နာကျင်မှုတွေမရှိ။မချိမဆံ့ဝေဒနာတွေလဲမရှိတဲ့ ဒီကမ္ဘာလေးမှာ ကျွန်တော့်မျက်လုံးတွေကိုမှိတ်ချလိုက်သည်။ထိုအခါ မြစ်ပြင်ကိုဖြတ်တိုက်လာတဲ့အေးမြလတ်ဆက်တဲ့လေက ကျွန်တော့်နှာခေါင်းတွင်းသို့ တိုးဝင်လာကြ၏။လက်နှစ်ဖက်ကိုဘေးဆန့်ထုတ်ကာ အသက်ရှူမဝခဲ့သမျှကိုအတိုးချကာ ကျွန်တော်တစ်ဝကြီးရှူရှိုက်ပစ်လိုက်သည်။
သို့ပေမဲ့ ဤကြည်နူးမှုဟာ ဘာမျှမကြာလိုက်။
ရုတ်တရက် လှိုင်းကြက်ခွပ်သံကိုခွင်းပြီး ထွက်ပေါ်လာတဲ့ ကလေးငိုသံတစ်ခုက ကျွန်တော့်ကြည်နူးမှုကို ဖျက်ဆီးလိုက်သည်။ကျွန်တော်လှည့်ကြည့်တော့ ကလေးငယ်တစ်ဦး။သောင်ပြင်ထက်မှာမျက်နှာကိုငုံ့လျက် ငုတ်တုတ်လေးထိုင်ငိုနေတဲ့ကောင်ကလေးတစ်ဦး။
"ဟိတ် ကောင်လေး !အို ဘာလို့ငိုနေရသလဲ..မငိုရဘူးလေ..ကလေးတစ်ယောက်ထဲလား လူကြီးတွေရောမပါဘူးလား"
ကျွန်တော်က စကားပြောရင်း သူ့အနီးသို့ တဖြည်းဖြည်းချည်းကပ်သွားလိုက်သည်။
"ဟိတ် ကလေး !မငိုရဘူးလေ"
ကောင်လေးက ခေါင်းငုံ့လျက်သာ ရှိုက်ငိုမြဲငိုနေ၏။ထို့ကြောင့် ကျွန်တော် တစ်မျိုးထပ်ချော့ကြည့်သည်။
"မောင်ကသကြားလုံးကျွေးမယ် မင်းမငိုနဲ့တော့ ဟုတ်လား"
ဤအကြိမ်တွင်လဲ သူက ကျွန်တော့်ကိုမော့မကြည့်။
သည်တော့ သူ့ပခုံးလေးကို ကျွန်တော် ခပ်ဆက်ဆက်လေးဆွဲလှည့်လိုက်သည်။
YOU ARE READING
ဒီပရဲ့အတ္ထုပ္ပတ္တိ {Ongoing}
Romanceကျိန်းသေတာက မနေ့ညက ဒီပ့ ကျွန်တော့်အိမ်ရှေ့ကိုရောက်ခဲ့တယ်။ကျွန်တော့်ကိုလဲအော်ခေါ်ခဲ့သေးတယ်။ဒါကို ကျွန်တော်က အိမ်မက်လို့ထင်ခဲ့တယ်။ ကျွန်တော့်အမှား...အားလုံး ကျွန်တော့်အမှား..အပိုင်တစ်ကွက်နဲ့ ကိုကို့ကိုအနိုင်ပြန်တိုက်နိုင်ပြီစိတ်အမှတ်နဲ့ ညကအအိပ်မက်ခဲ့မ...