"အ့ ကိုကို့ !!ကျွန်တော့်လက်နာတယ်...အရမ်းမဆွဲပါနဲ့ ကိုကို့"လက်မောင်းတစ်ဖက်ကိုနာနာကျင်ကျင်ဆွဲညှစ်ထားရင်း လှေကားတစ်လျှောက်ကိုဇွတ်ဆွဲခေါ်နေသည့် ကိုကို့လက်တွင်းမှ ကျွန်တော်ရုန်းနေပေမဲ့ ကျွန်တော့်အခြေအနေကို ကိုကိုဂရုစိုက်ဟန်မရှိ။
"ကိုကို့ မောင့်လက်ကိုလွှတ်...ဟ့ နာတယ်လို့.. ကိုကိုလွှတ်ပါ"
"ဒုန်း "
အခန်းရှေ့ရောက်သည်နှင့် ကိုကိုကတံခါးကိုဒေါသတကြီး ခြေထောက်နဲ့ဆောင့်ကန်ဖွင့်၏။
"အ့"
ကျွန်တော့်ကိုယ်ကိုလဲ အိပ်ရာပေါ်ပစ်တင်၏။
ကြမ်းကြမ်းတမ်းတမ်း ဆွဲရမ်းပစ်တင်ခံလိုက်ရတာမို့ ကျွန်တော့်ခန္ဓာကိုယ်က အိပ်ရာပေါ်ကိုပစ်စလက်ခတ်ကျသည်။"အို ကိုကိုဘာလုပ်တာလဲ"
ကျွန်တော်ဟန်ချက်ပျက်နေစဉ်မှာဘဲ ခုတင်ပေါ်ကိုတတ်လာတဲ့ကိုကိုက ကျွန်တော့်ခါးပေါ်ကိုခွလာသည်မို့ ထိတ်လန့်တကြားထဖို့ပြင်တဲ့အခါ ကျွန်တော့်လက်နှစ်ဖက်ကို ကိုကိုကအိပ်ရာထက်သို့ဖိချုပ်ပစ်သည်။
"ကိုကို"
စိတ်ကြမ်းကိုယ်ကြမ်းပြုမူနေတဲ့ ကိုကို့အပြုအမူတွေကို ကျွန်တော်ဆွံ့အနေစဉ်မှာဘဲ ...။
"ကို...အွင်း ကိုကို့ မလုပ်...ပါနဲ့ ...အွင်း ..အွင်း ကိုကို့"
တင်းတင်းစေ့ထားတဲ့ကျွန်တော့်နှုတ်ခမ်းတွေကို ကိုကိုဇွတ်ကုန်းနမ်းတော့သည်။
"အွင်း....ဟင့် အင်း..မနမ်း...နဲ့...ကိုကို့...အွင်း .."
ဇွတ်နမ်းခွင့်ရဖို့ ကိုကိုကြိုးစားပေမဲ့ စေ့စေ့ပိတ်ထားတဲ့နှုတ်ခမ်းတွေကြားကို တိုးဝင်ခွင့်မရတဲ့အခါ....။
"အ့"
ကျွန်တော့်အောက်နှုတ်ခမ်းကို ကိုကိုဖိကိုက်ပစ်၏။
သွေးလဲဆို့သွားသည်ထင်သည်။"အဟင့် ...ဖယ် ...ကိုကို့ အွန်း...မနမ်းနဲ့ .."
နှုတ်ခမ်းတွေဟသွားတဲ့အခါ ကိုကို့လျှာဖျားက ကျွန်တော့်ခံတွင်းဆီသို့တိုးဝင်တော့သည်။
တစ်ဆက်တည်းမှာဘဲ ကိုကို့လျှာဖျားဆီမှ ကျွန်တော်ခံစားလိုက်ရတာက ချဉ်စူးစူးအရသာတစ်ခု။
YOU ARE READING
ဒီပရဲ့အတ္ထုပ္ပတ္တိ {Ongoing}
Romanceကျိန်းသေတာက မနေ့ညက ဒီပ့ ကျွန်တော့်အိမ်ရှေ့ကိုရောက်ခဲ့တယ်။ကျွန်တော့်ကိုလဲအော်ခေါ်ခဲ့သေးတယ်။ဒါကို ကျွန်တော်က အိမ်မက်လို့ထင်ခဲ့တယ်။ ကျွန်တော့်အမှား...အားလုံး ကျွန်တော့်အမှား..အပိုင်တစ်ကွက်နဲ့ ကိုကို့ကိုအနိုင်ပြန်တိုက်နိုင်ပြီစိတ်အမှတ်နဲ့ ညကအအိပ်မက်ခဲ့မ...