အပိုင်း(၁၂){Unicode+Zawgyi}

2K 92 12
                                    


"ကျွန်တော့်လည်ပင်းက အမေ့လက်စွပ် ဘယ်မှာလဲ...ဝါးကျည်တောက်ထဲက ပိုက်ဆံတွေကို ဘာလုပ်ပစ်လိုက်လဲ...ဒါတွေကို သိနေရက်နဲ့ မမ ဘာလို့ တစ်ခုမှမမေးသလဲ...ဟမ် မမ"

ကျွန်တော်က လက်သီးကိုကျစ်နေအောင်ဆုပ် မျက်ရည်လျှံနေပြီဖြစ်တဲ့ မျက်လုံးတွေနဲ့ မမကိုစေ့စေ့မော့ကြည့်ရင်း ဒေါသနဲ့အော်ပြောလိုက်တော့ မမက မျက်လုံးများတွင်မျက်ရည်ဥလျက်သားနှင့် ကျွန်တော့်ကိုငုံ့ကြည့်သည်။သည်မျက်ရည်ဥတွေကိုလဲ ကြိုးစားထိန်းနေဟန်။

"အံမာ ! တစ်ခုကျန်နေသေးတယ်လေ"

ကြည့်ပါ...အခုချိန်ထိ သူမကပြုံးနိုင်တုန်း။ကျွန်တော့်ကိုစနောက်ချင်တုံး။

"အဲ့ဒီ ပေါင်ထားတဲ့ အမေ့လက်စွပ်ကို ပြန်ရွေးနိုင်ဖို့
ဒီပ့အလုပ်တွေခိုးလုပ်နေတာကိုလဲ ထည့်ပြောအုံးလေ"

"ဘာလို့လဲ !ဒါတွေ.. ဒါတွေကိုသိနေရဲ့သားနဲ့ ဘာလို့တစ်ခွန်းမှ မမေးတာလဲဗျ"

ဝမ်းနည်းမှု၊မခံချင်မှုတို့ဖြင့် ကျွန်တော်စိတ်လွတ်ကိုယ်လွတ်အော်မိသွားပြန်တော့ မမမျက်နှာလေးက ညှိုးသည်ထက်ညှိုးကျလာသည်။

"ဘာလို့များ မမကို ဒေါသထွက်နေရသလဲ ဒီပ့ရယ်"

အမှန်တော့ သည်ဒေါသက တစ်ကိုယ်ကောင်းဆန်တဲ့ ကျွန်တော်ကိုယ်ကျွန်တော်ထွက်တဲ့ဒေါသ။မမရဲ့ကျွန်တော့်အပေါ်မှာထားတဲ့ သည်းခံနိုင်စွမ်းတွေကို ထွက်တဲ့ဒေါသ။ဟိုမိန်းမကြီးကိုထွက်နေတဲ့ဒေါသ။

ဤသို့ လက်သီးကိုကျစ်နေအောင်ဆုပ်၊အံကိုခဲထားရင်း ဒေါသနဲ့ဝမ်းနည်းစိတ်ကြောင့် တုန်ရီနေတဲ့ ကျွန်တော့်ပုံစံကိုတော့ မမက နွမ်းလျနေတဲ့မျက်လုံးများဖြင့် ခဏအကြာထိငေးကြည့်နေ၏။ပြီးနောက် ကျွန်တော့်ဆီကအကြည့်ကိုခွာကာ မြစ်ပြင်ကိုငေးမောသွား၏။

"ဒီပ့သိလား!မနက်ဖြန်ဆိုတဲ့ နေ့ရက်တိုင်းကလေ လျှို့ဝှက်ချက်တွေနဲ့ သိပ်ဆန်းကျယ်တယ်၊၊
လှလဲလှပတယ်၊၊စိတ်ဝင်စားစရာလဲသိပ်ကောင်းသလို အံ့ဩစရာတွေလဲအပြည့်ဘဲ။အဲ့ဒီလိုချစ်စရာကောင်းပြီး လှပတဲ့မနက်ဖြန်တိုင်းကလေ မျှော်လင့်ချက်အသစ်တွေနဲ့လူတိုင်းကို ကြိုဆိုတယ်။သည်လိုကြိုဆိုမှာကိုလဲ လူသားတိုင်းကမျှော်လင့်တကြီးရှိကြတယ်။ဒီနေ့အဆင်မပြေသေးရင် မနက်ဖြန်ရောက်သွားရင် အဆင်ပြေသွားမှာပါဆိုတဲ့ စိတ်ခွန်အားနဲ့လှပတဲ့မျှော်လင့်ချက်ကြီးတွေနဲ့ နေ့ရက်တိုင်းကိုဖြတ်သန်းရင်း လူသားတိုင်းက အသက်ဆက်ရှင်နေကြတာ"

ဒီပရဲ့အတ္ထုပ္ပတ္တိ  {Ongoing}Where stories live. Discover now