"ကိုကြီး"
မနက် ၅နာရီထဲက မီးဖိုချောင်ထဲ၀င်ပြီး ချက်ပြုတ်နေပြီ ဖြစ်တဲ့ ကိုကြီး။
ကိုကြီးက နာရီကို တချက်ကြည့်ပြီး
"ပြန်အိပ် ။စောသေးတယ်"
စောစော မထတက်တဲ့ ဖိုးထူးသာက ၅နာရီ ကြီး ထလာတော့ သတ္တိမောင် ပြန်အိပ်ခိုင်းမိသည်။
ဒီကလေး အိပ်ရေးမ၀ ဖြစ်တော့မယ်ေလ။
ဘုရားသွားမဲ့နေ့ေတွ ဆို ၆:၃၀သွားမှာကို ၆နာရီမှာတောင် မနဲနိုးရသည်က ဖိုးထူးသာပင်။
"ကိုကြီး သားကူ ပေးမယ်လေ။
မနက်ဆို အမြဲတမ်းဘဲ အစောကြီး ချက်နေတာ ကိုကြီးက "" ငါ့တာ၀န်။ "
"ခု ကိုကြီးက အနာကြီးနဲ့လေ "
"ငါ အဆင်ပြေတယ်။
မင်း အိပ်ရေး၀ဖို့ အရေးကြီးတယ် ။
ပြန်အိပ်""ဟုတ်"
ဖိုးထူးသာ ဘာမှမပြောဘဲသာ ပြန်အိပ် ရတော့သည်။
မဟုတ်ရင် "လာမရှုပ်နဲ့ အငယ်ကောင်"ဆိုပြီး နှင်လွှတ်ဖို့ဘဲ ရှိတော့သည်မလား။
ကိုကြီးက သူလုပ်စရာရှိတာလုပ်ပြီးလျှင် ၆ နာရီအတိဆို ဖိုးထူးသာကို နိုးမှာ ဧကန်မလွဲ။
တကယ်က ကိုကြီးက ဗုဒ္ဓဘာသာ မဟုတ်ပါဖူးဗျ။
ကိုကြီး ဖေဖေ ဦးစောဌေးက ခရစ်ယာန်။
မေမေက ဗုဒ္ဓဘာသာ။ကိုကြီးက အဖေကို တကယ် ချစ်ပုံပင်။
သွေးရော ဗီဇေရာက တူသည်လေ။ဦးစောဌေး ချစ်တဲ့ ပရဟိတ အလုပ်ကို ကိုကြီးကလည်းချစ်သည်။
ကိုကြီးက ခရစ်ယာန်ပေသိ
ကိုကြီးက ကျွန်တော့်ကိုတော့ အပတ်တိုင်း ဘုရား လိုက်ပို့သည်။တရားထိုင်၊ပုတီးစိပ်၊ ဘုရားရှစ်ခိုး ရသည်။
အလှူလုပ်ဖြစ်သည်။ခရစ်ယာန်အကိုကြီးက ငယ်ငယ်ထဲက ကျွန်တော့်ဆို
ဓမ္မစကူး ပို့ပေးလိုက် ဘုန်းကြီးကျောင်းက ဖွင့်တဲ့ ဗုဒ္ဓဘာသာ သင်တန်းတွေ ပို့လိုက်နှင့်။ ထိုသည်က ကျွန်တော့်ကိုကြီး သတ္တိမောင်ပင်။
YOU ARE READING
ချစ်ခြင်းဖြင့် နူ့ညံ့သော
Teen Fiction*Punishment type* ဖိုးထူးသာ - "ကျွန်တော့် ကိုကြီးဆိုတာ ကြမ်းကြမ်းတမ်းတမ်းနဲ့ မာန်ထန်နေတဲ့ ပုံစံကြီးပေါ့ဗျာ။တကယ်တော့ တည်ငြိမ်ပြီး ကြင်နာတက်တဲ့ ပရဟိတသမားကြီးပါ။ဒါပေမဲ့လည်း ရိုက်ပြီဆို ရှယ်ကိုကျွေးတော့တာပါဘဲဗျာ။ ကိုကြီးချစ်တဲ့ မမ ပေါ်လာခဲ့ရင်ရော? အ...