"အကို အကို လို့ "
"ညီ တောင်းပန်ပါတယ်"
"နောက် မလုပ်တော့ဖူးလေ အကို "
"အကိုလွန်း ရေ
ချစ်စရာ အကိုလွန်းရေ ညီ့ကို ကြည့်ပါဦးခဗျ"Flashback
"ညီ"
"ဟုတ်"
"အကို သံပုရည် သွားဖျော်ပေးမယ်နော်"
"ဟီး ဟုတ်ကဲ့ အကို"
"Word form ,Verb form ရသလောက် ဆက်ဖြေပေးထားနော် ညီ အကို ပြီးရင် ပြန်ရှင်းပြမယ် "
"ဟုတ်"
"အဖြေ ကူးမချနဲ့နော် ညီ"
"ဟုတ်ကဲ့"
"အကိုရယ် စာတွေက ရှုပ်နေတာဘဲ ။ခုချိန်မှာ သံပုရာလေးသောက်လိုက်ရရင် ခေါင်းကြည်သွားမှာဘဲ။"ဆိုတဲ့ ညီကြောင့် လွန်းသုခလည်း ပြုံးရင်းသာ သံပုရာရည် ဖျော်ေပးဖြစ်သည်။
ညီသောက်ဖို့ ဖျော်လာတဲ့ သံပုရာရည်က ခုချိန်များဆို မျက်နှာငယ်နေလောက်လေပြီလား။လွန်းသုခ၏ မျက်နှာထားတွင်လည်း တည်တံ့မူ့ အသွင်သို့ ပြောင်းလာလေပြီ။
ဖိုးထူးသာက ပြုံးပြုံးရွင်ရွင် ပင်။ ဘေးစောင်းပြီး မိန်းကလေး တစ်ယောက်နှင့် ဂိမ်းအကြောင်းတွေ ပြောနေကြသည်။ လွန်းပြန်ရောက်တာတောင် သိပုံမပေါ်လောက်အောင် စိတ်အားထက်သန်နေသည်။
လွန်း ရင်ထဲမှာ အလိုမကျခြင်းများစွာဖြင့်သာ။ ထိုသည်ကို သ၀န်ခြင်းဟု ခေါင်းစဉ်တက်၍ ရနိုင်မည်လား ။လွန်း ဆက်ကြည့်မနေနိုင်တော့ပါ။
ကောင်လေးကလည်း အဖက်မလုပ်စွာ စကားဆက်ပြောနေလေသည်လေ။ လွန်းလည်း ရေးခိုင်းခဲ့တဲ့စာကိုသာ စစ်ရင်း စောင့်နေလိုက်တော့သည်။
မျက်ခုံးနှစ်ခုကလည်း မတွန့်ချိုးဘဲ မနေနိုင်အောင် စိတ်တိုမိသည် ။ သ၀န်တိုခြင်း၊ ဒေါသထွက်ခြင်းတို့ ပေါင်းစုံခြင်းကြောင့် ပိုသာသည် ဖြစ်ပါလိမ့်မည်။
ထိုကောင်လေးက အဖြေတွေကို ကူချထားသည်။အဖြေထဲက မှားသည့် အဖြေတစ်ခုနှင့်ပါ အဖြေတူသောကြောင့် ခိုးချသည်မှာ ထင်ရှားလှသည် ။
![](https://img.wattpad.com/cover/329017920-288-k839028.jpg)
YOU ARE READING
ချစ်ခြင်းဖြင့် နူ့ညံ့သော
Teen Fiction*Punishment type* ဖိုးထူးသာ - "ကျွန်တော့် ကိုကြီးဆိုတာ ကြမ်းကြမ်းတမ်းတမ်းနဲ့ မာန်ထန်နေတဲ့ ပုံစံကြီးပေါ့ဗျာ။တကယ်တော့ တည်ငြိမ်ပြီး ကြင်နာတက်တဲ့ ပရဟိတသမားကြီးပါ။ဒါပေမဲ့လည်း ရိုက်ပြီဆို ရှယ်ကိုကျွေးတော့တာပါဘဲဗျာ။ ကိုကြီးချစ်တဲ့ မမ ပေါ်လာခဲ့ရင်ရော? အ...