အပိုင်း(၅) Unicode+Zawgyi

2.4K 102 10
                                    

သတ္တိမောင်ရဲ့ နံနက်ခင်း အစဟာ အပြုံးများဖြင့် နိုးထလာခဲ့ပါပြီ ။ဒီနေ့က အဉ္ဇလီကိုကို့ စာသွားသင်ပေမဲ့နေ့ မဟုတ်ပါလား။

ရင်ခုန်သံ စကားလေးတွေ ပြောရမ‌ဲ့နေ့ မဟုတ်ပေမဲ့ န‌ှစ်ဦးလုံးအတွက် ရင်ခုန်စွာ စာသင်ရဦးမယ့် ပထမနေ့ပင်။

သတ္တိမောင်လည်း ပု‌ံမှန်တိုင်း မနက် 4နာရီထ ပြီး ပြေးလိုက် လေ့ကျင့်ခန်းလုပ်လိုက်၊‌ေရမိုးချိုးလိုက်၊လုပ်စရာရှိသည့်ကို လုပ်လိုက်၊ မနက်စာပြင်လိုက်နှင့်။

နောက်ဆုံးတော့ ၆နာရီခွဲပြီမို့ ကလေးမဆီဆီု့ ခြေလှမ်းများက ဦးတည်ရပြီ။




"တီ"

ကားဟွန်းသံကြောင့် အဉ္ဇာကိုလည်း ဆရာ ရောက်ပြီဆိုတဲ့ အသိကြောင့် ပြုံးဖြဲဖြဲလေး ဖြစ်မိသည်။

၅:၃၀ထဲက ထ၊ ဘုရားရှစ်ခိုး ပြီး ၆နာရီထဲက စောင့်နေရတာ
ဆရာ ၆:၄၅မှာ ရောက်လာတာက ‌ေစောတော့စောပါတယ်လေ။

သို့ပေမဲ့
စောင့်ရသူ အဖို့တော့ ရင်ခုန်မျှော်လင့်ရတာ ကြာလှပါတယ်။

အဉ္ဇလီကိုလည်း ခြံတံခါး သွားဖွင့်‌ေပးလိုက်သည်။
ဆရာ့ကားလေး ခြံထဲ ၀င်သွားလေတော့ ခြံတံခါးပိတ်ပြီး ဆရာ့ကားနားလေး ကပ်သွားလိုက်သည်။

အဉ္ဇလီ့ မျက်၀န်းထဲတွင်‌ေတာ့ ဆရာ ‌ကားပေါ်က ဆင်းလာသည့် ပုံရိပ်ကအစ smartဖြစ်လွန်းလှပါတယ်။

ကြက်သွေး‌ေရာင် ယောပုဆိုးနဲ့ ကြောင်ခြစ် အကင်္ျီ‌ ၀တ်ထားတဲ့ ၀တ်စုံလေးကလည်း

အသားခပ်လတ်လတ်၊ဒေါင်ကောင်းကောင်း ဆရာသတ္တိမောင် အတွက်တော့ လိုက်ဖက်လွန်းလှပါသည်။

ခန့်ပါတယ်ဆိုတာထက်ကို ပို ပါတယ်လေ ။



"မင်္ဂလာပါဆရာ"

ဆိုပြီး လက်အုပ်ကလေးချီပြီး

အပြုံးချိုချိုလေးနဲ့ ကလေးမက သတ္တိမောင်ရင်ထဲကို လှိုက်ခနဲ နွေးအောင် လုပ်နိုင်တယ်ဆိုတာတော့ ငြင်းမရပေ။


"မင်္ဂလာပါ"

ဆရာက ပြုံးသည်။အဉ္ဇလီကို မြင်ဖြစ်အောင် မြင်လိုက်ပါသည်။ခပ်ရေးရေးလေးပါဘဲ။ ရေးရေးလေးဆိုမှ တကယ့် ခပ်ရေးရေးလေးပင်။

ချစ်ခြင်း‌ဖြင့် နူ့ညံ့သောWhere stories live. Discover now