အပိုင်း(၉) Unicode+ Zawgyi

2.1K 110 33
                                    


"တီ"

ဆိုသော ကား ဟွန်းတီးသံ အကြားကြောင့် ရင်မောရမိသည်က လွန်းသုခ ပင်။


"လွန်းသုခ "

"ဟုတ်ကဲ့ အကို"

"ငါ အခန်းထဲ စောင့်မယ်။
စာသင်ပြီးရင် လာခဲ့"

"ဟုတ်ကဲ့"


"အကို ဘာလုပ်မိသွားလို့လဲ ဟင် "

"ကိုယ်လည်း မသိတော့ဖူး ။
အကိုက အပြစ်မရှိဘဲ စိတ်မတိုတက်ပါဖူး။"



ခေါင်းလေး ကို ဖွ   ချပြီး လေပူ ထုတ်‌နေတဲ့ အကိုလွန်းက ကလေးဆန်လှပါရဲ့လေ။ ထို အချိန်တွင် ဆရာဖြစ်တဲ့ အကိုလွန်းကချစ်စရာကောင်းနေသည်တဲ့လား။

ဖိုးထူးသာ တစ်ယောက် အကိုလွန်းကို ကြည့်နေမိတာ ချစ်စရာကောင်းလွန်းပေသိ မကူနိုင်တဲ့  ဒီလို အခြေအနေမှာ အပူမီးက သူလည်း  ပိုက်မိထားသည်။


"အဆင်ပြေရဲ့ လား အကို"

"ပြေတယ် စာလုပ်ညီ"


အကို ဆုံးမဖူးတဲ့ စကားလေး တစ်ခုကို လွန်းသုခ အမှတ်ရမိရင်း သတိကပ်ပြီး စာဖတ်ဖို့ကိုသာ အာရုံပြန်စိုက်လိုက်သည်။ထိုသည်က သူ့အလုပ် ။

"အလုပ် မဟုတ်တာကို  မလုပ်နဲ့ လွန်းသုခ ။
စာသင်ချိန်မှာ တွေဝေ ငူငိုင် နေရမှာ မင်း အလုပ်လား ။
စာသင်ရမှာ မင်း အလုပ်လား"
ဆိုတဲ့ အကိုရဲ့ ဆူသံကို ကြားရောင် မိခြင်းကြောင့်ပင်။။

ငိုင်စဉ်းသွားသည့် မျက်နှာထားနှင့် စိတ်ပူသော အသွင်ကို ဆောင်ပြီး စာထဲ စိတ်မပါသော ကောင်လေး တစ်ယောက်ကလည်း ရှိနေပြန်ပါရဲ့။



"ညီ စာလုပ်လို့ "

"ဟုတ် အကို "



လွန်းသုခကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်သွားပေမဲ့ ဖိုးထူးသာ စာကို အာရုံစိုက်လို့ပင် မရတော့ပင်။

ချစ်ရတဲ့  အကို နာတော့မည်ဆိုသည့် အသိက ခပ်စပ်စပ်ပင်။

"အကို ညီ စာလုပ်လို့ စိတ်မပါတော့ဖူး ။သီချင်း နားထောင်ရအောင်ဗျာ   "

ချစ်ခြင်း‌ဖြင့် နူ့ညံ့သောWhere stories live. Discover now